International News

ဇွန်လအတွင်း ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုတန်ဖိုး ၉.၇ ရာခိုင်နှုန်းကျဆင်း

Last Updated:

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဟောင်ကောင်ဒေသ၏ စုစုပေါင်း လက်လီရောင်းချမှုတန်ဖိုးသည် ဟောင်ကောင်ဒေါ်လာ ၂၉.၉ဘီလီယံဖြင့် ယခင်နှစ်အလားတူကာလထက် ၉.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့တွင် “Retail sales value fall 9.7% YoY to $29.9b in June” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါ သည်။

စုစုပေါင်းလက်လီရောင်းချမှုတန်ဖိုး၏ ၇.၈ ရာခိုင်းနှုန်း (ဟောင်ကောင်ဒေါ်လာ ၂.၃ ဘီလီယံ) ပါဝင်သည့် အွန်လိုင်းရောင်းချမှုတန်ဖိုးသည် ယခင်နှစ်အလားတူ ကာလထက် ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

လက်လီဆိုင်များရောင်းချမှုအနေဖြင့် အခြားလူသုံးကုန်စည်များ (၁.၂ ရာခိုင်နှုန်း)၊ စူပါမားကတ်၌ရောင်းချသည့် ကုန်စည်များ (၀.၅ ရာခိုင်နှုန်း)၊ အဝတ်အထည် (၁၃.၂ ရာခိုင်နှုန်း)၊ အစား အစာ၊ အဖျော်ယမကာနှင့် ဆေးလိပ် (၅.၇ ရာခိုင်နှုန်း)၊ လျှပ်စစ်ထုတ်ကုန်နှင့် အခြားတာရှည်ခံ လူသုံးကုန်ပစ္စည်းများ (၄.၇ ရာခိုင်နှုန်း)၊ ကုန်တိုက်များ၌ရောင်းချသည့် ကုန်စည် (၁၈.၆ ရာခိုင်နှုန်း)၊ မော်တော်ယာဉ်နှင့်အစိတ်အပိုင်းများ (၂၅.၁ ရာခိုင်နှုန်း)၊ လောင်စာဆီများ (၁၂.၃ ရာခိုင်နှုန်း)၊ ပရိဘောများ (၉.၈ ရာခိုင်နှုန်း)၊ ဖိနပ်၊ ဆက်စပ်ထုတ်ကုန်များနှင့် အခြား အဝတ်အထည်အသုံးအဆောင်များ (၉.၁ ရာခိုင်နှုန်း)၊ တရုတ်ဆေးဝါးများ (၂.၈ ရာခိုင်နှုန်း) နှင့် မျက်မှန်အရောင်းဆိုင်များ (၁၃.၉ ရာခိုင်နှုန်း) အသီးသီး အရောင်းကျဆင်းခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

သို့သော် ဆေးဝါးများနှင့် အလှကုန် ရောင်းချမှုတန်ဖိုးသည် ယခင်နှစ်ကထက် ၃.၄ ရာခိုင်နှုန်းနှင့် စာအုပ်၊ သတင်းစာနှင့် စာရေးကရိယာများ၊ လက်ဆောင်ပစ္စည်းများ ရောင်းချမှုတန်ဖိုးသည် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေါ်လာ ဈေးနှုန်းမြင့်တက်မှု၊ ဒေသသို့လာရောက်သည့် ခရီးသွားများနှင့် ဒေသခံများ၏ သုံးစွဲမှုပုံစံပြောင်းလဲလာခြင်းနှင့်အတူ လက်လီရောင်းချမှု ကျဆင်းခြင်းဖြစ်သည် ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

 

စီးပွားရေးမှူး၊ဟောင်ကောင်မြို့။

Category: International News