International News

ထိုင်းနိုင်ငံရှိ လယ်ယာကဏ္ဍမြှင့်တင်ရန် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ စုပေါင်း၍ စင်တာတစ်ခု တည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံတွင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးနှုန်းများနှင့် ပိုလျှံနေမှုပြဿနာများကို ဖြေရှင်းရန် Agriculture and Food Coordination and Public Relations Centre (AFC) ကို ထူ ထောင်နိုင်ရေးအတွက် ထိုင်းကုန်သည်ကြီးများအသင်းနှင့် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် လုပ်အားစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော လူဦးရေ ၁၂ သန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အစားအစာနှင့် ထိုင်းပြည်သူများအတွက် နေထိုင်မှုဝင်ငွေဖန်တီးပေးနိုင်သော နိုင်ငံစီးပွား‌ရေး၏ အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ သို့သော် စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ငွေ၊ ထုတ်လုပ်မှုနှင့် အရည်အသွေးတို့တွင် ပြင်ပပြောင်းလဲမှုများကြောင့် မသေချာမှုများကြုံ တွေ့နေရပြီး ထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေကို တိုက်ရိုက်ထိခိုက်မှုရှိနေပါကြောင်း၊ မသေချာမှုများမှာ ရာသီဥတုပြင်းထန်မှု၊ မိုးခေါင်မှု၊ ကုန်း၊ ရေသတ္တဝါများနှင့် အပင်များတွင် ရောဂါပိုးများ ပျံ့နှံ့ ရောက်ရှိလာမှုနှင့် ကမ္ဘာ့ဈေးကွက်တွင် ကုန်သွယ်ရေးအစီအမံများတင်းကျပ်လာမှုတို့ကြောင့် ယှဉ်ပြိုင်မှုပြင်းထန်လာမှုတို့ဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များပိုလျှံမှုနှင့် ဈေးနှုန်းကျဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားခဲ့ပါသည်။

မကြုံစဖူးကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို တုန့်ပြန်ရန်အတွက် စိုက်ပျိုးရေးနှင့် အစားအစာ ကဏ္ဍတွင် ပိုလျှံနေမှု၊ ဈေးနှုန်းကျဆင်းမှုနှင့် ယှဉ်ပြိုင်နိုင်မှုအတွက် အရည်အသွေးစံနှုန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စင်တာတစ်ခု ထူထောင်ရန် ထိုင်းကုန်သည်ကြီးများအသင်းသည် မိတ်ဖက်အဖွဲ့အစည်း ၂၈ ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ရာသီပေါ်စိုက်ပျိုးရေး ထုတ်ကုန်များ၏ သတင်းအချက်အလက်များကို အစိုးရအဖွဲ့အစည်းများက ကောက်ယူစုဆောင်းပြီး နောက် University of Thai Chamber of Commerce က ဆောင်ရွက်လျက်ရှိသည့် စိစစ် အကဲဖြတ် လုပ်ငန်းစဉ်ဆိုင်ရာ Database အတွင်း ပေါင်းစည်းရန် AFC ကို ပေးပို့ပေးရန်ဖြစ်ကြောင်း၊ တောင်သူများ၏ ထုတ်ကုန်များ စားသုံးသူများထံသို့ ရောက်ရှိနိုင်ရေး ကူညီပေးရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများက သတင်းအချက်အလက်များကို ဈေးကွက်ရှာဖွေရေးတွင် အသုံးပြုမည် ဖြစ်ကြောင်းသိရှိရပါ သည်။

ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် စိုက်ပျိုးရေးထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန် ကန်ထ ရိုက် စိုက်ပျိုးရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးတို့တွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ AFC သည် စိုက်ပျိုး‌ရေးနှင့် အစားအစာထုတ်ကုန်များ အရောင်းမြှင့်တင်ရေးနှင့် သက်ဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ထိုင်းတူနာစက်မှုအသင်းက Purse Seine Fishery အသင်းနှင့် ပူးပေါင်း၍ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ဘိုနီတိုငါး ကီလိုဂရမ် ၂၀ သန်းကိုဝယ်ယူ၍ ငါးရင်းမြစ်များ သုံးစွဲမှုကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းအေးခဲအစားအစာ အသင်းက ငါးအသင်းနှင့်ပူးပေါင်း၍ minced ငါးများ ထုတ်လုပ်ရန် ပင်လယ်ငါးများကို ၁ ကီလို ဂရမ် လျှင် ၁ ဘတ်-၂ ဘတ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ထိုင်းစားသောက်ဆိုင်များအသင်းသည် ထိုင်းရေလုပ်သားအသင်းနှင့်ပူးပေါင်း၍ ကကတစ်ငါးဖြူ စားသုံးမှုကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

Category: International News