International News

ယူအေအီးနိုင်ငံရှိ FTA မှ ပြစ်ဒဏ်များကို ရှောင်ရှားနိုင်ရန် စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မှီ ကော်ပိုရိတ်အခွန်များအား မှတ်ပုံတင်ထားရှိကြရန် နှိုးဆော်တိုက်တွန်းထား

Last Updated:

ယူအေအီးနိုင်ငံရှိ ပြည်ထောင်စုအခွန်အကောက်အာဏာပိုင်အဖွဲ့ (FTA) သည် ယခုနှစ် ဇူလိုင်လ အတွင်းထုတ်ပေးထားသည့် ခွင့်ပြုချက်လိုင်စင်ဖြင့်နေထိုင်ကြသည့် နိုင်ငံတွင်း တရားစီရင်ရေး ဆိုင်ရာဥပဒေ သို့မဟုတ် သက်ဆိုင်ရာအခွန်ကင်းမဲ့ဇုန်စည်းမျဉ်းများလက်အောက်ရှိ အခွန်ထမ်း ပုဂ္ဂိုလ်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထား၍ ကော်ပိုရိတ်အခွန်မှတ်ပုံ တင်ခြင်းကို အပြီးသတ်ဆောင်ရွက်ကြရန်  အရေးပေါ်ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

၎င်းသတ်မှတ်ရက်အတွင်း ဆောင်ရွက်ထားရှိမှုမရှိပါစီမံခန့်ခွဲရေးပြစ်ဒဏ်များချမှတ်ခံရမည် ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် FTA သည် ၂၀၂၄ ခုနှစ် FTA ဆုံးဖြတ်ချက်အမှတ် ၃ တွင်ဖော်ပြထား သည့်အချိန်ဇယားများကို လိုက်နာကြရန်အရေးကြီးကြောင်း အလေးထားဖော်ပြထားပါသည်။ ဤ ဆုံးဖြတ်ချက်သည် ၂၀၂၂ ခုနှစ် ပြည်ထောင်စုအခွန်စည်းကြပ်ခြင်းဥပဒေအမှတ် ၄၇ နှင့်အညီ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး အမျိုးမျိုးသောအခွန်ထမ်းပုဂ္ဂိုလ်များအတွက် မှတ်ပုံ တင်ရမည့်ရက်ကို အတိအကျဖော်ပြထားရှိပါသည်။

FTA သည်သတ်မှတ်ထားသော အချိန်ကာလအတွင်း မှတ်ပုံတင်ရန်ပျက်ကွက်သူများကို ၂၀၂၃ ခုနှစ် အစိုးရအစည်းအဝေးဆုံးဖြတ်ချက်အမှတ် ၇၅ အရ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း အလေး ထားဖော်ပြခဲ့ပါသည်။ FTA ၏လမ်းညွှန်ချက်များသည် လိုင်စင်ထုတ်ပေးသည့် လအပေါ်အခြေခံ၍ နေထိုင်သူမဟုတ်သူများအပါအဝင် တရားစီရင်ရေးဆိုင်ရာ ဥပဒေ သို့မဟုတ် သက်ဆိုင်ရာ အခွန် ကင်းမဲ့ဇုန် စည်းမျဉ်းများလက်အောက်ရှိပုဂ္ဂိုလ်များအပြင် သာမန်ပုဂ္ဂိုလ်များနှင့်ပါသက်ဆိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို EmaraTax ဒစ်ဂျစ်တယ်အခွန်ဝန်ဆောင်မှုလမ်းကြောင်းမှတဆင့် လွယ်ကူချောမွေ့စွာ 24/7 ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါဒစ်ဂျစ်တယ်လမ်းကြောင်းသည် လုပ်ထုံး လုပ်နည်းများကို အဓိကအဆင့်လေးဆင့်အဖြစ်ရိုးရှင်းလွယ်ကူစေပြီး အပြီးသတ်ရန် မိနစ် ၃၀ ကြာ မြင့်မည်ဖြစ်ပါသည်။ ထို့အပြင် ထပ်တိုးအခွန် (VAT) သို့မဟုတ် ယစ်မျိုးအခွန် (Excise Tax) အတွက် မှတ်ပုံတင်ထားပြီးသူများသည် အဆိုပါဒစ်ဂျစ်တယ်လမ်းကြောင်းမှတစ်ဆင့် ၎င်းတို့၏ ကော်ပိုရိတ် အခွန်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာဝင်ရောက်နိုင်မည်ဖြစ်ပြီး အောင်မြင်စွာ မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။

FTA သည် အစိုးရ၀န်ဆောင်မှုဌာနအသီးသီးတွင် ရရှိနိုင်သော EmaraTax သို့မဟုတ် တရားဝင်အခွန် အေးဂျင့်များမှတစ်ဆင့် မှတ်ပုံတင်ခြင်းမရှိသေးသူများကို ချက်ခြင်းလုပ်ဆောင်ရန် တိုက်တွန်းထား ပါသည်။ မှတ်ပုံတင်ထားရှိခြင်းကို လိုက်နာမှုအပေါ်သေချာစေရန်အတွက် FTA ဝဘ်ဆိုဒ်ရှိ ကော်ပိုရိတ်အခွန်ဥပဒေနှင့် ဆက်စပ်လမ်းညွှန်ချက်များကို အခွန်ထမ်းဆောင်သူများမှ လေ့လာသုံးသပ်ကြရန်တွန်းအားပေးထားကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

 

Source:                            Emirates News Agency

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News