International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိအိမ်ခြံမြေလုပ်ငန်းများမှ ဝယ်ယူသူများကို ဆွဲဆောင်နိုင်ရန်အတွက် မိသားစုဝင် ၃ ဦး အထိနေထိုင်နိုင်မည့် Golden Visa ကုန်ကျစရိတ်များကို အကျုံးဝင်ကျခံလျှက်ရှိ

Last Updated:

ယခုအခါတွင် ဒူဘိုင်းရှိအိမ်ခြံမြေလုပ်ငန်းအများအပြားသည် နိုင်ငံတကာမှချမ်းသာကြွယ်ဝသော ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နိုင်မည့် မဟာဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုအဖြစ် ဝယ်ယူသူ များ နှင့်၎င်းတို့၏မိသားစုဝင်များအတွက် Golden Visa အမျိုးမျိုးကိုကမ်းလှမ်းပြီး ဘဏ္ဍာရေးပံ့ပိုးမှုများ ကိုဆောင်ရွက်လျက် ရှိပါသည်။

ဤပဏာမခြေလှမ်းသည် AED၂ သန်းနှင့်အထက်ပိုင်ဆိုင်မှုတန်ဖိုးရှိသော အိမ်ခြံမြေများအားဝယ်ယူကြသည့်လူတစ်ဦးချင်းစီအား ယူအေအီးနိုင်ငံရှိ Golden Visa အစီအစဉ်အောက်တွင် ၁၀ နှစ်ကြာ နေထိုင်ခွင့်ကို ရရှိစေမည်ဖြစ်ပါသည်။

ဒူဘိုင်းရှိအကြီးဆုံးပုဂ္ဂလိကအိမ်ခြံမြေ လုပ်ငန်းကြီးတစ်ခုဖြစ်သော Damac Properties သည် Damac Hills  2 ရှိ ၎င်းတို့၏အိမ်ခြံမြေ Violet ယူနစ်များကိုဝယ်ယူကြသူများအတွက် Golden Visas သုံးခုကိုပေးဆောင်ကမ်းလှမ်းခြင်းအားဖြင့် လုပ်ငန်းလမ်းကြောင်းသစ်ကို ဦးဆောင်လျှက်ရှိပါသည်။ အဆိုပါကုမ္ပဏီသည် ၎င်းတို့၏ Violet Phase 3 အိမ်ခြံမြေလုပ်ငန်းမှ AED ၁.၂ ဘီလီယံတန်ဖိုးရှိ အိမ်ခြံမြေယူနစ် ၆၀၀ တို့အားအလျှင်အမြန်ရောင်းချနိုင်ခဲ့သည့်ဝင်ငွေဖြင့် အဆိုပါဗီဇာများ၏ ကုန် ကျစရိတ်များကို အထောက်အကူပြု ကာမိစေခဲ့ပါသည်။

Damac Properties မှ ဦးဆောင်ညွှန်ကြားရေးမှူး Amira Sajwani က အဆိုပါ Golden Visas သည် ရင်းနှီးမြှုပ်နှံသူများအတွက် သိသာထင်ရှားသော ဆွဲဆောင်မှုတစ်ခု ဖြစ်လာကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူများ၊ စွန့်ဦးတီထွင်သူများနှင့် ကျွမ်းကျင်ပညာရှင်များအတွက် ကာလရှည်နေထိုင်ခွင့် ကိုပေးဆောင်သည့် ယူအေအီးနိုင်ငံ၏ Golden Visa အစီအစဉ်သည် စတင်မိတ်ဆက်သည့် အချိန်မှစ၍ ဆွဲဆောင်မှုများစွာကို ရရှိစေခဲ့ပါသည်။

Get Golden Visa လုပ်ငန်း၏အဆိုအရ အဆိုပါအစီအစဉ်သည် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု AED ၂ သန်းရှိရန်လိုအပ်ပြီး ဒေသတွင်းတွင် ကမ္ဘာလုံးဆိုင်ရာစွမ်းရည်များနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲ ဆောင်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

Samana Developers နှင့် Blanco Thornton Properties အိမ်ခြံမြေလုပ်ငန်းတို့မှလည်း အဆိုပါ နည်းဗျူဟာကို လက်ခံကျင့်သုံးကြကြောင်း ဖော်ပြထားပါသည်။

Samana Developers အိမ်ခြံမြေလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Imran Farooq မှ ဦး ဆောင်၍၎င်းတို့၏ဖောက်သည်များအား အစိုးရရုံးများသို့သွားရောက်လုပ်ငန်းဆောင်ရွက်ရန် လိုအပ် မှုကိုဖယ်ရှားပေးကာ အိမ်အရောက်- ဗီဇာလုပ်ငန်းစဉ်အားလုံးကို ကိုင်တွယ်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

Blanco Thornton Properties အိမ်ခြံမြေလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး Danish Shareef မှ ကိုယ်စားပြုအဖွဲ့က ဒူဘိုင်းရှိပရီမီယံစီမံကိန်းအမျိုးမျိုးတွင် AED ၂ သန်းမှစတင် ဝယ်ယူသည့် အိမ်ခြံမြေဝယ်ယူသူများအတွက် Golden Visas သက်တမ်းတိုးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

Elton Real Estate Development အိမ်ခြံမြေလုပ်ငန်းအား တည်ထောင်သူ Anmoll D Shroff မှ  AED ၁.၄ သန်းနှင့် AED ၃.၂ သန်းကြား စျေးနှုန်းရှိသော ပရီမီယံအိမ်ခြံမြေများကို ကမ်းလှမ်းထားပြီး Golden Visa ကို အဓိကစျေးကွက်ရှာဖွေရေးကိရိယာတစ်ခုအဖြစ် အသုံးချဆောင်ရွက်လျှက်ရှိပါ သည်။ အဆိုပါ Golden Visa ဗီဇာအစီအစဉ်သည် အားကောင်းသည့်မက်လုံးတစ်ခု ဖြစ်သော်လည်း  အထက်တန်းစားအိမ်ခြံမြေတန်ဖိုးများနှင့် စစ်မှန်သောရင်းနှီးမြှုပ်နှံမှုများအကြား ဟန်ချက်ညီစေရန် ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အောင်မြင်သောစျေးကွက်တစ်ရပ်အတွက် မရှိမဖြစ်လိုအပ်ကြောင်းကို Shroff မှ မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Khaleej Time

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News