International News

အမေရိကန်အစိုးရသည် သင်္ဘောတည်ဆောက်မှုတိုးမြှင့်မည့်သမ္မတအမိန့်တစ်ရပ်ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိ

Last Updated:

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံ၏ သင်္ဘောတည်ဆောက်မှုကဏ္ဍ ပြန်လည် တိုးတက်လာစေရန်နှင့် ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်မှုကဏ္ဍ၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဖြတ်တောက်နိုင်ရန်ရည်ရွယ်လျက် သမ္မတအမိန့်တစ်ရပ်ထုတ်ပြန်ရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ ထုတ်ပြန်မည့် သမ္မတအမိန့်တွင် အစီအမံ (၁၈) ရပ်ပါဝင်မည်ဖြစ်ပြီး ယင်းတွင် အမေရိကန်နိုင်ငံသို့ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ်သင်္ဘောများနှင့် ဝန်ချီစက်များကို သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပြည်တွင်းသင်္ဘောတည်ဆောက်မှုကဏ္ဍမြှင့်တင်ရန် အမျိုးသားလုံခြုံရေး ကောင်စီ (National Security Council, NSC)အောက်၌ ဌာနခွဲအသစ်တစ်ခု ဖွဲ့စည်း တည်ထောင်ခြင်း၊ နျူးကလီးယား စွမ်းအင်သုံးသင်္ဘောကျင်းများရှိ အလုပ်သမားများအတွက် လုပ်ခ လစာတိုးမြှင့်ခြင်းနှင့် သန်းကြွယ်သူဌေး Elon Musk ဦးဆောင်သည့် အစိုးရလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ရေးဝန်ကြီးဌာန (Department of Government Efficiency, DOGE) ခေါ် ဌာနသစ်အား အမေရိကန်ရေတပ်၏ အစိုးရဝယ်ယူမှုလုပ်ငန်းစဉ်များကိုပါ ပြန်လည်သုံးသပ်ရန်ညွှန်ကြားခြင်း၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ရေကြောင်းသယ်ယူပို့ဆောင်ရေးဇုန် (Maritime Opportunity Zones)နှင့် ရေကြောင်းလုံခြုံရေး ရန်ပုံငွေ (Maritime Security Trust Fund) တည်ထောင်ခြင်းစသည့် အစီအမံများ ပါဝင်လာနိုင်ပါ သည်။ ယင်းသမ္မတအမိန့်မူကြမ်းပါအချက်များသည် သမ္မတကအတည်မပြုမီအထိ ပြင်ဆင်နိုင်ဖွယ် ရှိသော်လည်း ၄-၃-၂၀၂၅ ရက် အမေရိကန်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် သမ္မတက အမေရိကန်နိုင်ငံအတွင်း၌ ကူးသန်း ရောင်းဝယ်ရေးနှင့် စစ်ဘက်သုံးသင်္ဘောတည်ဆောက်မှုကို ပြန်လည်ရှင်သန်လာစေရန် ဆောင်ရွက်သွားလိုပြီး ဌာနခွဲအသစ်တစ်ခု ဖွဲ့စည်းလိုသည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News