International News

ကုန်သွယ်ရေးစစ်ပွဲများအရှိန်မြင့်လာသည်နှင့်အမျှ စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းလာ

Last Updated:

အမေရိကန်သမ္မတက ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ မက္ကဆီ ကိုနှင့် တရုတ်နိုင်ငံများအပေါ် သွင်းကုန်ခွန်ချမှတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးသွင်းကုန်များအပေါ် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ တန်ပြန်သွင်းကုန်ခွန် ကောက်ခံမည် ဖြစ်ကြောင်းတုံ့ပြန်ခဲ့သကဲ့သို့  ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ(၁၀၀) တန်ဖိုးရှိ အမေရိကန်နိုင်ငံမှသွင်းကုန်များအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း တန်ပြန်ကောက်ခံခဲ့ ပြီး မက္ကဆီကိုသမ္မတကလည်း တန်ပြန်အစီအစဉ်များကို လာမည့်တနင်္ဂနွေနေ့ (၉-၃-၂၀၂၅ ရက်) တွင် ထုတ်ပြန်ကြေညာသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ကနေဒါနိုင်ငံမှ တန်ပြန်သွင်းကုန်ခွန်  ချမှတ်ခဲ့မှုအပေါ် အမေရိကန်သမ္မတက ကနေဒါနိုင်ငံမှ ချမှတ်သည့်ပမာဏအတိုင်း အမေရိကန် နိုင်ငံက သတ်မှတ်ကောက်ခံသွားမည်ဟု ၎င်းပိုင် “TruthSocial” လူမှုကွန်ရက်၌ ရေးသားတုံ့ပြန်ခဲ့ ပါကြောင်း၊ အမေရိကန်စတော့ရှယ်ယာဈေးကွက်ရှိ အညွှန်းကိန်းများသည် ယင်းသို့ သွင်းကုန်ခွန် ကောက်ခံမှုအပေါ် တုံ့ပြန်မှုများရှိခဲ့ကြပြီး Dow Jones Industrial Average အညွှန်းကိန်းသည် (၁.၆) ရာခိုင်နှုန်း၊ Nasdaq Composite အညွှန်းကိန်းသည် (၀.၄) ရာခိုင်နှုန်းနှင့် S&P 500 အညွှန်းကိန်းသည် (၁.၂) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန် စတော့ရှယ်ယာဈေးကွက်ရှိ အညွှန်းကိန်းများသည် ၃-၃-၂၀၂၅ ရက်မှစ၍ ကျဆင်းခဲ့ကာ အမေရိကန်နိုင်ငံက ချမှတ်သည့် သွင်းကုန်ခွန်ကောက်ခံမှုအသက်ဝင်သည့် ၄-၃-၂၀၂၅ ရက်အထိ ဆက်လက်ကျဆင်းခဲ့ပြီး မည်သည့် ပမာဏအထိ ကျဆင်းမည်ကိုမခန့်မှန်းနိုင်ကြောင်း၊ ၁၉-၂-၂၀၂၅ ရက်တွင် S&P 500 အညွှန်းကိန်းသည် (၄.၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း သွင်းကုန်ခွန်ချမှတ်မှုများကြောင့် ယခုကဲ့သို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးကဏ္ဍရှိ စတော့ ရှယ်ယာဈေးနှုန်းများသည် ပို၍ကျဆင်းခဲ့ရာ ၄-၅-၂၀၂၅ ရက်တွင် S&P 500 ဘဏ္ဍာရေး အညွှန်းကိန်းသည် (၃.၅) ရာခိုင်နှုန်း၊ Bank of America အစုရှယ်ယာဈေးနှုန်းသည် (၆.၃) ရာခိုင်နှုန်းနှင့် JPMorgan Chase အစုရှယ်ယာဈေးနှုန်းသည် (၄)ရာခိုင်နှုန်း၊ ဇိမ်ခံသင်္ဘောလိုင်း ကုမ္ပဏီဖြစ်သည့် Caterpillar အစုရှယ်ယာဈေးနှုန်းသည် (၁.၆) ရာခိုင်နှုန်း၊ United Airlines အစုရှယ်ယာဈေးနှုန်းသည် (၆)ရာခိုင်နှုန်း၊ မော်တော်ယာဉ်ကုမ္ပဏီများ ဖြစ်သည့် Stellantis အစုရှယ်ယာဈေးနှုန်းသည်  (၄.၄)ရာခိုင်နှုန်း၊ General Motors အစုရှယ်ယာ ဈေးနှုန်းသည် (၄.၆) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်မော်တော်ယာဉ်ကုမ္ပဏီများ သည် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ မော်တော်ယာဉ် အစိတ်အပိုင်းများ ဝယ်ယူလျက်ရှိရာ ယင်း အစိတ်အပိုင်းများအပေါ် သွင်းကုန်ခွန်ပေးရပါက အာရှနှင့် ဥရောပမော်တော် ယာဉ်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် Stenllantis ၊ Ford Motor နှင့် General Motors မှ အမှုဆောင်အရာရှိချုပ်များသည် သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအရာရှိများနှင့် မြောက်အမေရိ ကန်နိုင်ငံများအပေါ် သွင်းကုန်ခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်-ကနေဒါ-မက္ကဆီကို ကုန်သွယ်ရေးသဘောတူစာချုပ် (U.S. – Mexico – Canada Agreement, USMCA) အရ တင်သွင်းသည့် မော်တော်ယာဉ်များအား သွင်းကုန် ခွန် (၁)လခန့် ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News