International News

တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ကတိပြု

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ ပွင့်လင်းမြင်သာမှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ကုန် ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် ကန့်သတ်မှုများပြုလုပ်မည် မဟုတ်ကြောင်း  သြဂုတ် ၂  ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Zhu Bing က တရုတ်နိုင်ငံသည် စျေးကွက်ဝင်ရောက်မှုကို ဖြေလျှော့ရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန် နောက်ထပ်ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

အထူးသဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့်လုပ်ငန်းများ မြှင့် တင်ပေးလျက်ရှိပြီး ဆက်သွယ်ရေး (Telecom)၊ အင်တာနက်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ကဏ္ဍများတွင် စနစ်တကျ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် သည်။ အရင်းအနှီး ဈေးကွက်တွင် ရေရှည်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ပိုမိုအထောက်အကူ ဖြစ်စေရန် အတွက် ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများ (Revised rules) ကို ထုတ်ပြန် သွားမည် ဖြစ်သည်။

နိုင်ငံ၏ ခိုင်မာသော အခြေခံအဆောက်အအုံများ၊ ကြီးမားသောစျေးကွက်၊ အရည်အသွေးမြင့် စက်မှုဆိုင်ရာ ထောက်ပံ့မှုများနှင့် ထူးခြားသောစွမ်းရည်ရှိသည့်နယ်ပယ် အပါအဝင် တရုတ် စီးပွားရေး၏ မပြောင်းလဲသော အားသာချက်များသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ဆဲ ဖြစ်ကြောင်း Zhu မှ မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ဘီလီယံ ၅၀၀ နီးပါး (အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ခန့်) သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် မြင့်မားသော အဆင့်တစ်ခု ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတွင်း၌ အသစ်မှတ်ပုံတင်ထားသော နိုင်ငံခြားငွေကြေး ထောက်ပံ့မှု ရှိသည့် ကုမ္ပဏီအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသဖြင့် အရေအတွက်အားဖြင့် ၂၇,၀၀၀ နီးပါးအထိ ရှိလာပြီ ဖြစ်သည်။

 

အရင်းမြစ်။ https://english.news.cn/20240802/d0fb23ab936a410bbec976df60465787/c.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News