International News

အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရင်းနှီးမြှုပ်နှံသူများပါဝင်နိုင်မည့်အခန်းကဏ္ဍ

Last Updated:

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရင်းနှီးမြှုပ်နှံသူများပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် ပတ် သက်၍ Wall Street Journal အွန်လိုင်းသတင်း၌ ၅-၉-၂၀၂၄ ရက်တွင် “How Investors Can Play the Presidential Election” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ် ဒုတိယသမ္မတကင်မလာဟဲရစ်နှင့် ရီပတ်ဘလစ်ကန်ပါတီ၏ ကိုယ်စားလှယ် သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့အကြား မည်သို့ရပ်တည်ဆောင်ရွက်ရမည်ကို ရင်းနှီးမြှုပ်နှံသူ များက လေ့လာလျက်ရှိကြောင်း၊ ဥပမာအားဖြင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်လက်ထက်တွင် Dow Jones Industrial Average အညွှန်းကိန်းသည် (၅၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် (၃၀) ရာခိုင်နှုန်းကျော် မြင့်တက်လျက်ရှိကြောင်း၊ လွှတ်တော်ကိုထိန်း ချုပ်မှုအပေါ်မူတည်၍ ဈေးကွက်လုပ်ဆောင်ချက်လည်း ပြောင်းသွားကြောင်း၊ Ned Davis Research ခေါ် သုတေသနအဖွဲ့က ၃၀-၃-၁၉၀၁ ရက်မှ ၃၁-၁-၂၀၂၄ ရက်အထိ ပြုလုပ်ခဲ့သည့်သုတေသနစစ်တမ်းတွင် Dow Jones Industrial Average အညွှန်းကိန်းသည် ဒီမိုကရက်တစ်သမ္မတများလက်ထက်၌ နှစ်စဉ် (၈.၂) ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ပြီး ရီပတ်ဘလစ်ကန်သမ္မတများလက်ထက်တွင် (၃.၂) ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ကြောင်းနှင့် ငွေကြေးဖောင်းပွမှုကိုထည့် သွင်းတွက်ချက်ပါက ဒီမိုကရက်တစ်အစိုးရ လက်ထက်တွင် နှစ်စဉ် (၃.၇) ရာခိုင်နှုန်းနှင့် ရီပတ်ဘလစ်ကန်သမ္မတလက်ထက်တွင် (၁.၄) ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း၊ ဒီမိုကရက်တစ်သမ္မတများလက်ထက်တွင် စတော့ရှယ်ယာဈေးကွက် လုပ်ဆောင်ချက် ပို၍ကောင်းမွန်ပြီး Dow Jones Industrial Average ၏ ပြန်ရငွေသည် နှစ်စဉ်(၈.၁) ရာခိုင်နှုန်းရှိကာ ရီပတ်ဘလစ်ကန်သမ္မတများလက်ထက်တွင် (၇.၄) ရာခိုင်နှုန်းသာရှိကြောင်းလေ့လာ တွေ့ရှိရပါသည်။

ယခုသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းဒေါ်နယ်ထရမ့် အနိုင်ရခဲ့လျှင် ဒီမိုကရက်တစ် ပါတီဝင်များသည် ဘဏ်လုပ်ထုံးလုပ်နည်းများကို တင်းကျပ်လာနိုင်သည်ဟု LPL Financial လုပ်ငန်း၏ Chief Equity Specialist Mr. Jeff Buchbinder က ဆိုကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်က ပြည်ပသို့ LNG တင်ပို့မှုရပ်ဆိုင်းရန် သဘောတူညီခဲ့ခြင်း၊ ဒုတိယသမ္မတကင်မလာဟဲရစ်ကလည်း LNG တူးဖော်မှုကို ရပ်ဆိုင်းရန် တောင်းဆိုချက်ကို ပြင်ဆင်မည်မဟုတ်ဟုပြောကြားခဲ့ရာ အကယ်၍ရွေးကောက်ပွဲ အနိုင်ရရှိပါက ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်သူများအတွက် လုပ်သာကိုင်သာရှိမည့် အခြေအနေဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ထိုအခြေအနေများကြောင့် LNG တင်ပို့သူလုပ်ငန်းရှင်များ သည် သမ္မတဟောင်းဒေါ်နယ်ထရမ့် အနိုင်ရရှိရေးကို ထောက်ပံ့လာနိုင်ကြောင်း၊ အကယ်၍ သမ္မတဟောင်းဒေါ်နယ်ထရမ့်သာ ရွေးကောက်ပွဲအနိုင်ရရှိပါက စက်မှုလုပ်ငန်းများအတွက် အကျိုးရှိနိုင် ကြောင်း၊ သို့ရာတွင် အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုနှင့် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံရန် ပြောဆိုလျက်ရှိခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲများကြောင့် ဈေးကွက်အပေါ်သက်ရောက်မှု အမြဲတမ်းမရှိ သကဲ့သို့ သက်ရောက်မှုရှိပါကလည်း ကာလတိုသာဖြစ်နိုင်ကြောင်းနှင့် အတိုးနှုန်း၊ ငွေကြေး ဖောင်းပွမှု နှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့သည်လည်း သက်ရောက်မှုကြီးမားသည့် ကိစ္စရပ်များဖြစ်ကြောင်း၊ သို့ဖြစ်၍ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများအပေါ် သက်ရောက်မှု တစ်စုံတစ်ရာရှိမည်ဖြစ်သော်လည်း အခြားထည့်သွင်းစဉ်းစားရမည့်အချက်များစွာရှိသေးကြောင်း သိရှိရပါသည်။

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News