International News

ပီရူးသည် ချီလီကိုကျော်ပြီး စပျစ်သီးတင်ပို့သည့်ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ကာ တရုတ်နိုင်ငံမှလည်းထိပ်ဆုံး ၃ နေရာသို့တက်လာ

Last Updated:

ပီရူးနိုင်ငံသည်လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းသို့ စပျစ်သီးအမြောက်အများအား တင်ပို့ရောင်းချလျှက်ရှိပြီး အချိန်ကာလကြာမြင့်စွာ ကမ္ဘာစပျစ်သီး တင်ပို့မှုဈေးကွက်တွင် ထိပ်တန်းနေရာ၌ရပ် တည်ခဲ့သော ချီလီနိုင်ငံအား၂၀၂၃ ခုနှစ်မှစ၍ ကျော်တက်သွားခဲ့ကြောင်း သိရှိရပါသည်။ ပီရူး၏အားသာချက်မှာ ၎င်း၏ရှည်လျားသောစိုက်ပျိုးရာသီနှင့် လုပ်သားခသက်သာခြင်းပင်ဖြစ်သည်၊ ပျမ်းမျှအားဖြင့်ပီရူး ၏စပျစ်သီးတင်ပို့မှုသည် နှစ်စဥ်တန်ချိန် ၆၆၀၀၀ သို့မဟုတ် ၁၄.၃ ရာခိုင်နှုန်းတိုးလာပြီး ချီလီ၏တင်ပို့မှုမှာ တစ်နှစ်လျှင် ၆.၆ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄၀၀၀၀ လျော့နည်းသွားကြောင်းသိရှိရသည်။

စပျစ်သီးများအတွက် ကမ္ဘာ့ဈေးကွက်သည် သိသာထင်ရှားစွာပြောင်းလဲလျှက်ရှိပြီး နိုင်ငံအများအပြားမှလည်း စားသုံးသူအကြိုက်နှင့်ကိုက်ညီသော စပျစ်သီးဟောင်းများကို အသစ်များဖြင့် အစားထိုးလျှက်ရှိကြောင်း၊ ပိုးမွားများ၊ ရောဂါများနှင့် ရာသီဥတုဒဏ်များကိုခံနိုင်ရည်ရှိသော စပျစ်သီးမျိုးကွဲများမှာလည်းတိုးပွားလာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ရင်းနှီးမြှုပ်နှံမှုစင်တာမှ စီးပွားရေးပညာရှင် Andriy Yarmak မှပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် သိသိသာသာတိုးတက်လာခဲ့ကာ တတိယနှင့် စတုတ္ထ နေရာတွင်ရှိသော အီတလီနှင့်တောင်အာဖရိကကိုကျော်၍ တတိယအကြီးဆုံးတင်ပို့သူဖြစ်လာခဲ့ သည်၊ တရုတ်နိုင်ငံ၏ စပျစ်သီးတင်ပို့မှုမှာ တစ်နှစ်လျှင်တန်ချိန် ၂၈၀၀၀ သို့မဟုတ် ၇.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံသည်လည်းစပျစ်သီးတင်ပို့မှု ဆက်တိုက်တိုးတက်လာခဲ့ပြီး တစ်နှစ်လျှင် ၁၀.၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းတိုးတက်မှုကြောင့် ၂၀၂၃ ခုနှစ်အကုန်တွင် ကမ္ဘာ့တင်ပို့မှုအဆင့်သတ်မှတ်ချက်၌ အဆင့်ရှစ်သို့တက်နိုင်ခဲ့ကာ နှစ်စဥ်တင်ပို့မှုမှာ ၁၀ ရာခိုင်နှုန်းလျော့ကျနေသည့် အမေရိကန်နိုင်ငံအားကျော်တက်သွားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News