International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံဝင်ငွေရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၇  လအတွင်း ဆန်တန်ချိန် ၅.၁၈ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံ ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၅.၈ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၅.၁ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။ ဇူလိုင်လ တစ်လတည်းတွင် ဗီယက်နမ် နိုင်ငံ သည် အမေရိကန်ဒေါ်လာ သန်း ၂၉၀ တန်ဖိုးရှိသည့်  ဆန်တန်ချိန် ၅၀၀,၀၀၀ နီးပါး တင်ပို့ခဲ့ ကြောင်း ဖော်ပြထားပါသည်။

ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း ပျမ်းမျှပို့ကုန်တန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၂ ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

အဓိကတင်ပို့သည့် စျေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့ ဖြစ်ပြီး ဖိလစ်ပိုင်သည် ဗီယက်နမ်၏ ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထား သည်။

၇ လတာကာလအတွင်း ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁.၉၈ သန်းနှင့် ဆန်တန်ချိန် ၈၃၀,၀၀၀ တင်ပို့ခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၃၈.၂ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံ စျေးကွက်ဝေစု၏ ၃၂.၆၉ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အကြီးမားဆုံး ဆန်ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက် အတွင်း စင်ကာပူသို့ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄.၆ သန်းကျော် ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၄.၆၇ ရာခိုင်နှုန်းတိုးလာသောကြောင့် ဗီယက်နမ်မှ စင်ကာပူသို့ ဆန်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာတိုးလာကြောင်း သိရှိရပါသည်။

Source: Vietnam economic times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News