International News

တရုတ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကို တိုးမြှင့်ရန် ရည်မှန်းထား

Last Updated:

တရုတ်နိုင်ငံသည် CPTPP သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် နိုင်ငံအများအပြားနှင့် စေ့စပ်ညှိ နှိုင်းမှုများကို အရှိန်မြှင့်တင်လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ စံနှုန်းမြင့်လွတ်လပ်သောကုန်သွယ်ရေး ဇုန်ကွန်ရက်ကို တိုးချဲ့သွားရန်အသင့်ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် CPTPP သို့ ဝင်ရောက်နိုင်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်အကောင်အထည် ဖော်ရန် CPTPP အဖွဲ့ဝင်အားလုံးနှင့် ယခင်ကဆွေးနွေးချက်များအပေါ် အခြေခံပြီး နှစ်နိုင်ငံ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်မှု ဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Li Yongjie က နိုင်ငံတော်ကောင်စီ၏ ပြန်ကြားရေးရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် Version 3.0 ကို အမြန်ဆုံးအပြီးသတ်ရန်နှင့် ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒေါနှင့် နယူးဇီလန်စသည့် နိုင်ငံများနှင့် FTAs များ စေ့စပ်ညှိနှိုင်းခြင်း (သို့မဟုတ်) အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ရန် တရုတ်နိုင်ငံက ကတိပြုထားကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့အပြင် တရုတ်-ဂျပန်-ကိုရီးယား FTA ကို အဆင့်မြှင့်တင်ခြင်းအပြင် Eurasian Economic Union၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် လွတ်လပ်သောကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ ၎င်းတို့အနေဖြင့် FTA များ ဆောင်ရွက်လိုသည့် နိုင်ငံများ၊ ဒေသများနှင့် စာချုပ်များ အပြီးသတ်ချုပ်ဆိုရန်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် FTA မိတ်ဖက်များနှင့် ကုန်သွယ်မှုပမာဏကို တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ (၄၀)ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202408/02/WS66ac79a3a3104e74fddb833b.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News