Local News

ပြည်ဘိုကိတ်ပဲ ပြည်ပဲဈေးကွက်၌ လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ

Last Updated:

ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ လက်လီ/လက်ကား နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ရက်လျှင် အိတ် (၃၀/၄၀) ကျော် ဒေသတွင်းလက်လီသမားများဝယ်ယူမှုရှိကြပြီး ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိခဲ့သောကြောင့် ရန်ကုန်ဝယ်လက်အဝယ်ရှိသည့်ရက်တွင် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၁၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးမှာ ဇူလိုင်လအတွင်း တက်ဈေးဖြင့်သာရောင်းဝယ်နေသည့်အတွက် တစ်တင်းလျှင် ၉၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်နှစ် သြဂုတ်လ ကာလတူချိန်ရရှိခဲ့သောဈေးနှုန်းထက် ယခုနှစ်၌ ဈေးပိုရလာခဲ့ပါသည်။ ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ၆၈၀၀၀ ကျပ်သာရရှိခဲ့ပြီး ပဲဈေးကွက်၌လည်း ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်ခဲ့ကြသည့် သီးနှံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဇွန်လအတွင်းမှစ၍ ပဲဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာတာကြောင့် ကုလားပဲ၊ ပဲကြီးသီးနှံများထက်ပင် ဈေးပိုကောင်းလျက် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိသည်။

Source: https://www.doca.gov.mm

Category: Local News