International News

ဗီယက်နမ်နိုင်ငံမှ အုန်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိခဲ့

Last Updated:

တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ပိုးမွှားကင်းရှင်း ရေးဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဗီယက်နမ်နိုင်ငံမှ လတ်လတ်ဆတ်ဆတ် အုန်းသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု ၎င်း၏ ဝက်ဘ်ဆိုဒ်၌ ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၌ အုန်းသီးကို အလယ်ပိုင်းကမ်းရိုးတန်းပြည်နယ်များနှင့် မဲခေါင်မြစ်ဝကျွန်း ပေါ်ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးဧရိယာ ဟက်တာ (၂၀၀,၀၀၀)နီးပါးနှင့် နှစ်စဉ် ထုတ်လုပ်မှု တန်ချိန်(၂)သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် အဆင့် (၇)နေရာတွင်ရှိကြောင်း၊ ဗီယက်နမ် သည် အုန်းသီးကို အဓိကဈေးကွက်များဖြစ်သည့် ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဂျပန်နှင့် တောင်ကိုရီယား အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း (၉၀)သို့ တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်၏ လတ်လတ်ဆတ်ဆတ်အုန်းသီးနှင့် ဆက်စပ်ထုတ်ကုန်များ၏ စုစုပေါင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂၄၃)သန်းရှိခဲ့ကြောင်း သိရှိရပါ သည်။

GACC ၏ ကြေညာချက်အရ ဗီယက်နမ်မှ အညှာအရှည် (၅)စင်တီမီတာထက် မပိုသော အုန်းသီးစိမ်းနှင့် အခွံခွာထားသော အုန်းသီးများကို တင်သွင်းခွင့်ပြုထားကြောင်း၊ တရုတ်နိုင်ငံ သည် ဗီယက်နမ်နိုင်ငံမှ တင်သွင်းမည့် လတ်လတ်ဆတ်ဆတ် အုန်းသီးများတွင်  the spiraling whitefly (Aleurodicus dispersus)၊ white mango scale (Aulacaspis tubercularis)၊ coconut hispine beetle (Brontispa longissima)၊ rubber termite (Coptotermes curvignathus)၊ mealybug Dysmicoccus lepelleyi၊ gray pineapple mealybug (Dysmicoccus neobrevipes)၊ mango shield scale (Milviscutulus mangiferae)၊ coconut black-headed caterpillar (Opisina arenosella)၊ palm mealybug (Palmicultor palmarum)၊ coffee mealybug (Planococcus lilacinus)၊ red palm weevil (Rhynchophorus ferrugineus)၊ stellate scale (Vinsonia stellifera)၊ diplodia pod rot of cocoa (Lasiodiplodia theobromae)၊ white root disease of rubber (Rigidoporus microporus)၊ devil weed (Chromolaena odorata) နှင့် bitter vine (Mikania micrantha) အမျိုးအစား ပိုးမွှား စုစုပေါင်း (၁၆)မျိုးကို စိုးရိမ်ရသော ပိုးမွှားများအဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ လတ်လတ်ဆတ်ဆတ် အုန်းသီးများ တင်ပို့ရောင်းချမည့် ဥယျာဉ်ခြံများ သည် ခြေရာခံသည့်စနစ်တစ်ခုကို ထားရှိ၍ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းပညာများကို လိုက်နာရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မည့် လတ်ဆတ်သော အုန်းသီးများတွင် အင်းဆက်ပိုးမွှားများ၊ ပုပ်နေသောအသီးများ၊ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် မြေဆီလွှာများ မရှိစေရန်အတွက် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်တွင် ရောဂါရှိသော (သို့မဟုတ်) ပုံပျက်နေသော အသီးအနှံများကို ဖယ်ရှားခြင်း၊ ခွဲထုတ်ခြင်း၊ အမျိုးအစားခွဲခြင်းနှင့် သန့်ရှင်းရေးများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါ လတ်လတ် ဆတ်ဆတ်အုန်းသီးများသည် တရုတ်အာဏာပိုင်များ၏ သစ်သီးတင်သွင်းမှုအတွက် ခွင့်ပြုထားသော ဆိပ် ကမ်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/fresh-vietnamese-coconuts-granted-china-market-access

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News