International News

တရုတ်နိုင်ငံသည် အေးခဲထားသော သစ်သီးများ တင်သွင်းမှုအတွက် Quarantine ဆိုင်ရာလိုအပ်ချက်များကို ဖြေလျှော့လိုက်

Last Updated:

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အောက်ရှိ The Bureau of Import and Export Food Safety သည် ၎င်း၏ “National Food Catalogues of Traditional Trade & Meet the Requirements of Export to China” စနစ်တွင် အေးခဲ သစ်သီးများတင်သွင်းမှုအတွက် လိုအပ်ချက်များကို ပြောင်းလဲဖြေလျော့ပေးခဲ့ကြောင်း၊ မကြာ သေးမီက အသစ်ထပ်မံပြင်ဆင်လိုက်သည့် အချက်အလက်များအရ အေးခဲထားသော သစ်သီး ထုတ်ကုန်များအတွက် quarantine access management မလိုအပ်တော့ကြောင်း သိရှိရပါ သည်။

အေးခဲသစ်သီးဝလံများ တင်သွင်းရာတွင် Quarantine ဆိုင်ရာလိုအပ်ချက်များကို အပြည့် အဝဖြေလျှော့ပေးလိုက်သဖြင့် အေးခဲသစ်သီးများအတွက် ပုံမှန် Quarantine စစ်ဆေးမှုလုပ်ငန်းစဉ်များ မလိုအပ်တော့ဘဲ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ သွင်းကုန်စာရင်း(import catalog)ထဲရှိ အပင်အခြေခံ အစားအစာများ၏ update စာရင်းတွင် အေးခဲထားသော သစ်သီးအမျိုးအစား မပါဝင်တော့ကြောင်း၊ ဥပမာအားဖြင့် အွန်လိုင်းမေးမြန်းမှုစနစ်တွင် “အေးခဲထားသောဒူးရင်းသီး”ကို ရှာဖွေပါက ၎င်းနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဖော်ပြထားတော့မည်မဟုတ်ကြောင်း၊  ဆိုလိုသည်မှာ အေးခဲထားသော ဒူးရင်းသီးများကို ယခုအခါ quarantine requirement များ မလိုအပ်ဘဲ တရုတ်ဈေးကွက်သို့ တင်သွင်းနိုင်ပြီဖြစ်ပြီး အခြားအေးခဲထားသော သစ်သီးဝလံများလည်း အတူတူပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ အေးခဲထားသော သစ်သီးများဆိုသည်မှာ စားသုံး၍မရသော အခွံများနှင့် အစေ့များကို ဖယ်ရှားထားသည့် သစ်သီး ဝလံများဖြစ်ပြီး အပူချိန် အနှုတ် (၁၈)ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၎င်းအပူချိန်နှင့်အောက်ကို အနည်းဆုံး မိနစ်(၃၀)အေးခဲထားရမည်ဖြစ်ပြီး သိုလှောင်သိမ်းဆည်းစဉ်နှင့် သယ်ယူပို့ဆောင်စဉ် တစ်လျှောက်လုံး အပူချိန်အနုတ် (၁၈)ဒီဂရီစင်တီဂရိတ်အောက်တွင် ထိန်းသိမ်းထားရမည်ဖြစ် ကြောင်းနှင့် “Code of Practice for the Processing and Handling of Quick Frozen Foods” (CAC/RCP 8-1976)နှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်ဟု သိရှိရပါသည်။

အေးခဲထားသော သစ်သီးဝလံများသည် တရုတ်နိုင်ငံသို့ တင်သွင်းရန်အတွက် quarantine ခွင့် ပြုချက် (သို့မဟုတ်) ဝင်ခွင့်ပါမစ်များ မလိုအပ်တော့သော်လည်း တင်ပို့သည့်နိုင်ငံရှိ ထုတ်လုပ် သည့် စက်ရုံများနှင့် အမြန်အေးခဲသည့်ပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်များထံ မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့မှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန်အထွေ ထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)ထံသို့ ဆက်လက်ပေးပို့ရမည်ဖြစ်ပြီး နှစ်ဖက်စလုံးမှ ပြန် လည် သုံးသပ်ပြီး အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ အေးခဲခြင်းနှင့် အအေးခန်းသယ်ယူပို့ ဆောင် ရေးလုပ်ငန်းစဉ်များကို တင်ပို့သည့်နိုင်ငံရှိတရားဝင်အာဏာပိုင်များ၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/china-lifts-quarantine-requirements-frozen-fruit-imports

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News