International News

ကုန်သွယ်မှုအတားအဆီးများရှိနေသော်လည်း အမေရိကန်သို့တင်ပို့သည့် တရုတ်ပို့ကုန်များမြင့်တက် လာခဲ့

Last Updated:

ကုန်သွယ်မှုအတားအဆီးများရှိနေသော်လည်း အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် တရုတ် နိုင်ငံ၏ ပို့ကုန်များမြင့်တက်ခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၉-၉-၂၀၂၄ ရက်တွင် “Chinese Exports Rose in August Despite Growing Trade Barriers” ခေါင်းစဉ်ဖြင့် ဖော်ပြထား ပါသည်။

တရုတ်နိုင်ငံ၏ပို့ကုန်များအပေါ် ကုန်သွယ်မှုအတားအဆီးချမှတ်ခံရသော်လည်း ဩဂုတ်လ အတွင်း ပို့ကုန်တန်ဖိုးမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဥရောပသမဂ္ဂက တရုတ်လျှပ်စစ် မော်တော်ယာဉ်များကို အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခဲ့ပြီး အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ ကလည်း တရုတ်နိုင်ငံ၏လျှပ်စစ်မော်တော်ယာဉ် အပါအဝင်အခြား ပို့ကုန်များကို အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဒုတိယ အများဆုံးပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဇူလိုင်လတွင် တရုတ်၏ပို့ကုန်ရာခိုင်နှုန်း တိုးနှုန်းသည် (၈) ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လတွင် (၁၃.၄) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများသို့ တရုတ်၏ပို့ကုန်တင်ပို့မှုအများဆုံးဖြစ်ပြီး ဥရောပသမဂ္ဂမှာ တတိယနေရာတွင်ရှိကြောင်း၊ ယင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ဩဂုတ်လတွင် အနည်း ငယ် နှေးကွေးခဲ့သော်လည်း (၉) ရာခိုင်နှုန်းနှင့် (၅) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ယခုကဲ့သို့ မြင့်တက်လျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏စီးပွားရေးအားနည်းလာသည့် အခြေအနေနှင့် အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုများကြောင့် မည်သည့်အချိန်အထိ ယခုအတိုင်းတိုးတက်နေမည်ကိုမသိနိုင်ဟု PinPoint Asset Management ၏ အကြီးတန်း စီးပွားရေးပညာရှင် Mr. Zhiwdi Zhang က ဆိုကြောင်း သိရှိရပါသည်။  

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ကန့်သတ်ရန် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခဲ့သော်လည်း လက်ရှိတွင် တရုတ်ပို့ကုန်များမြင့်တက်လျက်ရှိကြောင်း သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

 ခင်ဆွေဦး(စီးပွားရေးသံမှူး)                               

Category: International News