တရုတ်အမှတ်တံဆိပ် တစ်ခုဖြစ်သည့် TCL ၏ LCD TV တစ်စိတ်တစ်ပိုင်း အချောထည်များနှင့် အစိတ်အပိုင်းများ အပြည့်တင်ဆောင်ထားသော ကွန်တိန်နာများသည် တရုတ်-ဥရောပ မီးရထား အမြန်လမ်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့ (Chengdu)မှ ပိုလန်နိုင်ငံသို့ ထွက်ခွာရန် အသင့်စောင့်ဆိုင်းလျက်ရှိသည်။
ချန်ဒူးအပြည်ပြည်ဆိုင်ရာ မီးရထားဆိပ်ကမ်း၏ အကျိုးထိရောက်မှုနှင့်အတူ TCL Optoelectronic Technology (Chengdu) Co., Ltd. အနေဖြင့် "Chengdu plus Europe" dual-factory production model ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
Chengdu စက်ရုံတွင် ထုတ်လုပ်သည့် မော်ဂျူးများ (Modules) နှင့် အီလက်ထရွန်နစ် အစိတ်အပိုင်း များ (Electronic parts) ကို ပိုလန်တွင် တပ်ဆင်ရန်အတွက် ပြင်ဆင်ထားပြီး အချောသတ်ပစ္စည်းများကို ဥရောပဈေးကွက်များသို့ သုံးရက်အတွင်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ ယင်း နှစ်ထပ်ထုတ်လုပ်မှုပုံစံ (dual production model) သည် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၏ အနောက်ဘက် ဒေသများအပြင် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အလယ်ပိုင်းနှင့် အရှေ့ဥရောပတို့တွင် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံ၊ ချန်ဒူးအကောက်ခွန်အချက်အလက်များအရ စီချွမ်ပြည်နယ် (Sichuan) ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ယွမ် ၇၅၁ ဒသမ ၀၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၀၅ ဒသမ ၉ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ပြီး နိုင်ငံအတွင်း လက်ပ်တော့များ (Laptops) နှင့် ပေါင်းစပ်ဆားကစ်များ (integrated circuts) တင်ပို့မှုများနှင့်အတူ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ ကြောင်း သိရှိရသည်။
"အနောက်ဘက်ပိုင်း (Chengdu) သိပ္ပံမြို့နှင့် Tianfu ဓာတ်ခွဲခန်းတို့ ကဲ့သို့ ပလပ်ဖောင်းများ (Platforms) ဖော်ဆောင်လာနိုင်သည် နှင့်အမျှ စီချွမ်၏ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အားသာချက်များသည် ကြီးထွားလာပါကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုကို ပိုမိုတိုးတက်မြင့်မားလာစေရန် အတွက် ပစ်မှတ်ထားသော စည်းမျဉ်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါ ကြောင်း ခန်ဒူးအကောက်ခွန်၊ ဒုတိယညွှန်ကြားရေးမှူး Fang Xiang က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် (Guangdong)၊ ကွမ်ကျိုးမြို့ (Guangzhou) တွင်၊ အကောက်ခွန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တစ်ခုအဖြစ် Huangpu Global Supply Chain Center မှ ပေါင်းစပ် "နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး အပေါင်း အကောက်ခွန်" စည်းမျည်းစည်းကမ်းဝန်ဆောင်မှု များ (integrated cross-border logistics plus customs regulatory services) ကို ပံ့ပိုးပေးလျက်ရှိသည်။
Huangpu အကောက်ခွန်လက်အောက်ရှိ Luogang အကောက်ခွန်ရုံးအနေဖြင့် လုပ်ငန်းများ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက်များအတွက် အကောက်ခွန်ကြီးကြပ်မှုကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ဆန်းသစ်သော အရင်းအမြစ် ခွဲဝေပေးခြင်း (innovative resource allocation) ကို ဆောင်ရွက်ပေးနိုင်သည့် အုပ်စု သို့မဟုတ် ဒေသဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်ဗဟိုများ (regional supply chain hubs) ဖန်တီးရန် အဓိကကုမ္ပဏီများသို့ အကောက်ခွန်ဌနာမှ ပံ့ပိုးပေးလျက်ရှိကြောင်း Luogang အကောက်ခွန်ညွှန်ကြားရေးမှူး Liu Huabing မှ ရှင်းပြခဲ့သည်။
အဆိုပါ ဆန်းသစ်တီထွင်မှုသည် ပြည်တွင်း ကုမ္ပဏီများဖြစ်သည့် Jabil Circuit (Guangzhou) Co., Ltd. ကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေသည်။ Huangpu စင်တာနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကုန်ကျစရိတ်များ လျော့ကျသွားသည်။ လုပ်သားကုန်ကျစရိတ်သည်လည်း နိုင်ငံခြားလုပ်ငန်း လည်ပတ်မှု၏ ငါးပုံတစ်ပုံသာရှိပြီး သိုလှောင်မှုကုန်ကျစရိတ်မှာ သုံးပုံတစ်ပုံ ထိ လျော့ချလာနိုင်သဖြင့် ထိရောက်မှုလည်း သိသိသာသာ တိုးတက်လာကြောင်း ထောက်ပံ့ပို့ဆောင်ရေး မန်နေဂျာ Tian Fang က ပြောကြားခဲ့သည်။ ဤသို့ ပြုပြင်ပြောင်းလဲမှု များကြောင့် ရရှိလာသော် အကျိုးကျေးဇူးများကို အမှန် တကယ် ခံစားလာရပါသည်။
တရုတ်နိုင်ငံတစ်ဝှမ်းရှိ အကောက်ခွန်အာဏာပိုင်များအနေဖြင့် စက်မှုလုပ်ငန်းပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်စေရန်နှင့် စည်းမျဉ်းစည်းကမ်းများ၏ ထိရောက်မှုမြှင့်တင်ရန် "စမတ်အကောက်ခွန်" (Smart Customs) ကို စတင်ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိသည်။
မကြာသေးမီအချိန်က Taicang အကောက်ခွန်၏ ကြီးကြပ်မှုဖြင့် Oase Living Water (Taicang) Co., Ltd. မှ ပြင်ပရေသန့်ဆေးစက် (a batch of outdoor water treatment equipment) ကို နှစ်ဘက် ချိတ်ဆက်၍ အဆိုပါစက်၏ထုတ်လုပ်မှု batch တစ်ခုလုံးကို ပြည်တွင်း၌ရောင်းချခြင်းမပြုဘဲ တင်ပို့မှုပုံစံ "linked unloading" ပုံစံဖြင့် ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။
ရှန်ဟိုင်းနှင့် နန်ကျင်းအကောက်ခွန်တို့မှ integrated “linked unloading ပုံစံဖြင့် ရှန်ဟိုင်းရှိ Yangshan ဆိပ်ကမ်း၏ တိုးချဲ့မှုတစ်ခုအဖြစ် Taicang ဆိပ်ကမ်းတွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အကောက်ခွန်မန်နေဂျာ Xi Liqian က ပြောကြားခဲ့သည်။ ကုမ္ပဏီများအနေဖြင့် Taicang တွင် တစ်ကြိမ် လျှောက်ထားခြင်းဖြင့် Yangshan ဆိပ်ကမ်းမှတဆင့် သင်္ဘောတင်လုပ်ငန်း ဆောင်ရွက်နိုင်ပြီး၊ သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်အတွက် ကွန်တိန်နာတစ်လုံးလျှင် ယွမ် ၄၀၀ ခန့်သက်သာသည်။
ကျယ်ပြန့်သောစျေးကွက် (vast market) ဈေးကွက်ခိုင်မာမှု (resilience)နှင့် အလားအလာ ရှိမှု (potential) ကဲ့သို့သော တရုတ်စီးပွားရေး၏ အခြေခံကျသော အားသာချက်များသည် ပြောင်းလဲမှုမရှိ ကြောင်း တရုတ် အထွေထွေအကောက်ခွန်ဌာန (GAC) ၏ လက်ထောက်ညွှန်ကြားရေးမှူး Wang Lingjun က ပြောကြားခဲ့သည်။ လက်ရှိမူဝါဒများနဲ့ အစီအမံအသစ်များသည် နိုင်ငံခြားကုန်သွယ်မှုကို ပံ့ပိုးပေး လျက်ရှိပါသည်။ အဆိုပါ အခြေခံအုတ်မြစ်များကြောင့် ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်အထိ သွင်းကုန်နှင့် ပို့ကုန်ကဏ္ဍတွင် တည်ငြိမ်သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး သည် စဉ်ဆက်မပြတ် တိုးတက်လာမည် ဖြစ်သည်။ ကုန်သွယ်မှု၏ အရည်အသွေးနှင့် တည်ငြိမ်မှု နှစ်ခု စလုံး အတွက် နှစ်စဉ် ကုန်သွယ်မှု တိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရန်အတွက် ကောင်းမွန်သော အနေအထားသို ရောက်ရှိနေပြီဖြစ်သည်။
အရင်းမြစ်။ http://en.people.cn/n3/2024/1108/c90000-20239249.html
စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။