International News

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်းများ ကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ကာ စက်သုံးဆီ လက်လီဈေးနှုန်းများကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း Vietnam plus အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

E5RON92 စက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁,၀၈၉ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၈,၈၉၀ ဖြင့် ရောင်းချလျက်ရှိသည်။ RON95-III စက်သုံးဆီ ဈေးနှုန်းသည် တစ်လီတာ လျှင် ဗီယက်နမ် ဒေါင် ၁,၁၉၂ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၉,၆၃၅ ဖြင့် ရောင်းချလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဒီဇယ်ဆီ ဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၇,၁၆၅ ဖြင့် ရောင်းချလျက်ရှိပြီး ဗီယက်နမ် ဒေါင် ၉၂၇ ကျဆင်းခဲ့ပါသည်။ ရေနံဆီ ဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၇,၇၉၀ ဗီယက်နမ် ဒေါင် ၉၃၄ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

Mazut ဆီ ဈေးနှုန်းသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၆၈၈ ကျဆင်းခဲ့ပြီး ဗီယက်နမ် ဒေါင် ၁၄,၄၆၇ ဖြင့် ရောင်းချလျက်ရှိပါသည်။

ဝန်ကြီးဌာနနှစ်ခုသည် ယခုအကြိမ် ညှိနှိုင်းမှုတွင်လည်း စက်သုံးဆီစျေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News