International News

အီးယူမှတင်သွင်းသည့် ဘရန်ဒီများအတွက် anti-dumping measures များသည် WTO စည်းမျဉ်းများကို လိုက်နာမှုရှိကြောင်း တရုတ်က ပြောကြားခဲ့

Last Updated:

ဥရောပသမဂ္ဂမှ တင်သွင်းလာသော ဘရန်ဒီများအပေါ် ဆောင်ရွက်မည့် တရုတ်နိုင်ငံ၏ anti-dumping measures များသည် တရုတ်စက်မှုလုပ်ငန်းမှ စတင်ခဲ့သော တရားဝင်ကုန်သွယ်မှု ကုစားရေးအစီအမံများဖြစ်ပြီး WTO စည်းမျဉ်းများကို အပြည့်အဝ လိုက်နာကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီးယူသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ယာဉ်(EVs)များအပေါ် အခွန် စည်းကြပ်ရန် မဲခွဲဆုံးဖြတ်ပြီး ရက်ပိုင်းအကြာ၌ အီးယူမှ ထုတ်လုပ်သည့် ဘရန်ဒီများအပေါ် တရုတ်နိုင်ငံက anti-dumping measures များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ်(EV)များနှင့်ပတ်သက်၍ အီးယူ၏ ထောက်ပံ့ကူညီမှု မပြုရေးစုံစမ်းစစ်ဆေးမှု (anti-subsidy investigation)သည် အီးယူအဖွဲ့ဝင်နိုင်ငံများရှိ လုပ်ငန်း များ၏ တောင်းဆိုမှုများကြောင့် မဟုတ်ကြောင်းနှင့် ခိုင်မာသောအချက်အလက်နှင့် တရားဝင် အခြေခံအကြောင်းအရင်းမရှိကြောင်း၊ EU ၏ အရေးယူဆောင်ရွက်မှုများသည် ကုန်သွယ်မှု ကုစားရေးဆိုင်ရာအစီအမံများကို အယောင်ပြအသုံးပြု၍ ပြည်တွင်းလုပ်ငန်းများကို အကာအ ကွယ်ပေးသည့် အသွင်ဆောင်သည့် လုပ်ဆောင်ချက်ဖြစ်သဖြင့် WTO စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခိုင် အမာ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်(EV)လုပ်ငန်း၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အခွင့် အရေးကို အခိုင်အမာကာကွယ်ရန်အတွက် တရုတ်နိုင်ငံသည် WTO ၌ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး WTO အငြင်းပွားမှုဖြေရှင်းရေးယန္တရားမတိုင်မီ သက်ဆိုင်ရာ ထောက်ပံ့ကူညီမှုမပြုရေး အစီအမံ များကို ချပြခြင်းဖြစ်သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် အီးယူတို့အကြား ပိုမိုကျယ်ပြန့်သော စီးပွားရေးနှင့် ကုန်သွယ်မှု အကျိုး စီးပွားများကို ကာကွယ်ရန်အတွက် ၎င်း၏ လုပ်ဆောင်များကို ချက်ချင်းပြင်ဆင်ရန် အီးယူအား တရုတ်နိုင်ငံက တိုက်တွန်းထားကြောင်း သိရှိရပါသည်။

အီးယူမှ တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ မည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံမှ အီးယူနိုင်ငံထုတ် နို့ထွက်ပစ္စည်းများ၊ ဘရန်ဒီ များအပေါ် anti-dumping measures များ ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ လျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းများကို အပြည့်အဝအကာအကွယ်ပေးနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သုံးသပ်တွေ့ရှိရပါသည်။

Source: https://news.cgtn.com/news/2024-10-09/China-says-anti-dumping-measures-for-EU-brandy-comply-with-WTO-rules-1xyOmNjye6k/p.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

Category: International News