International News

ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ သွင်းကုန်နှင့်ပို့ကုန်များသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုကို မြင်တွေ့ခဲ့ရပြီး ခရီးသွားလုပ်ငန်းစျေးကွက်နှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးခဲ့ ကြောင်း CCTV.com ၌ ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် အာရှအလယ်ပိုင်းနှင့် ဥရောပအလယ်ပိုင်းတို့အကြား အရေးပါဆုံး သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်သည့် Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ ယွမ် (၁၈၅.၆၄)ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅.၅၄ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၅၂.၁)ရာခိုင်နှုန်း တိုးလာကာ တစ်နိုင်ငံလုံး တိုးတက်မှုနှုန်း သတ်မှတ်ချက်အရ ဒုတိယအဆင့်၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Alashankou ဂိတ်နှင့် Khorgos ဂိတ် တို့သည် ဗဟိုအာရှနှင့် ဥရောပသို့ ဆက်သွယ်ထားသည့် တရုတ်နိုင်ငံရှိ အရေးကြီးဆုံး မီးရထား ဂိတ်နှစ်ခုဖြစ်ပြီး တရုတ်-ဥရောပ ကုန်တင်ရထားများ၏ (၄၀)ရာခိုင်နှုန်းကျော်သည် အဆိုပါဂိတ်နှစ်ခုမှ ဖြတ်သန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါ ဂိတ်နှစ်ခုကို ဖြတ်သန်းသွားသည့် တရုတ်-ဥရောပ (သို့မဟုတ် တရုတ်-အာရှ) ကုန်တင်ရထားအရေအတွက်သည် နေ့စဉ် အစီး(၄၀) ကျော်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ် (၇၇၄၆)ခုသည် Alashankou နှင့် Khorgos ဂိတ်များကို ဖြတ်သန်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၈.၂) ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202407/09/WS668c6ac1a31095c51c50d0ba.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News