International News

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်၌ (၅)% တိုးတက်

Last Updated:

တရုတ်နိုင်ငံ၏ GDP သည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ယွမ်(၆၁.၆၈)ထရီလီယံ (အမေ ရိကန်ဒေါ်လာ ၈.၄၉ ထရီလီယံ)ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၅) % တိုးလာကြောင်း အမျိုးသား စာရင်းအင်းဗျူရို (National Bureau of Statistics-NBS)က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်ပထမသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုသည် (၅.၃) % နှင့် ဒုတိယသုံးလပတ်တွင် (၄.၇) % တိုးတက်ခဲ့ကြောင်း NBS က ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

NBS မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုကုန်ထုတ်လုပ်မှုသည် ယခင်နှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက မေလတွင် (၅.၆) %နှင့် ဇွန်လတွင် (၅.၃)% တိုး လာကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် တန်ဖိုးမြှင့်စက်မှုကုန်ထုတ်လုပ်မှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက (၆)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပထမသုံးလပတ်တွင် ယခင်နှစ်ကထက် (၆.၁) % မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူအသုံးစရိတ်ကို အဓိက တိုင်းတာသည့် လက်လီရောင်းချမှုသည် ယခုနှစ်၊ မေလ တွင် တစ်နှစ်ထက်တစ်နှစ် (၃.၇) % တိုးတက်ခဲ့ပြီး ဇွန်လတွင် (၂) % တိုးလာခဲ့ကြောင်း သိရှိရပါ သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် လက်လီရောင်းချမှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၃.၇)% မြင့်တက်ခဲ့ပြီး ပထမသုံးလပတ်တွင် ယခင်နှစ်ထက် (၄.၇) % တိုးတက်ခဲ့ ကြောင်း သိရှိရပါသည်။

ယခုနှစ်၊ ပထမနှစ်ဝက်တွင် အခြေခံအဆောက်အဦ၊ ပစ္စည်းပိုင်ဆိုင်မှု၊ စက်ယန္တရားနှင့် စက်ကိရိယာများ အပါအဝင် ကုန်ပစ္စည်းများအတွက် ပုံသေရင်းနှီးမြုပ်နှံမှု အသုံးစရိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၃.၉) % တိုးတက်ခဲ့ပြီး ဇန်နဝါရီလမှ မေလအတွင်း (၄)% မြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။

စစ်တမ်းကောက်ယူမှုအရ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ဇွန်လတွင် (၅)%အထိ ရောက်ရှိ လာခဲ့ကြောင်း NBS ၏အဆိုအရ သိရှိရပါသည်။

ရှုပ်ထွေးသည့် ပြင်ပဖိအားများရှိနေခြင်းနှင့် ထိရောက်သောပြည်တွင်းဝယ်လိုအားမရှိခြင်း တို့ကို NBS မှ သတိပေးထားပြီး စီးပွားရေးပြန်လည်နာလန်ထူလာစေရန် အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ပိုမိုကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202407/15/WS66948417a31095c51c50e0bc.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News