တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့အာရပ်ဒေသအကြား စီးပွားရေးဆက်ဆံမှုများ အားကောင်းလာ သောကြောင့် တရုတ်နိုင်ငံတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြင်တွေ့ရကြောင်း ABU DHABI တွင် ဆော်ဒီ ရင်းနှီးမြှုပ်နှံသူများက ပြောကြားခဲ့သည်။
သေချာသောကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ များစွာရှိကြောင်း KBW Ventures ၏ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် Ekta Tolani က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် Abu Dhabi Finance Week ၏ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် တရုတ်နိုင်ငံသည် များစွာတိုးတက်နေပြီ ဖြစ်ကြောင်း၊ ဤသို့သော အခွင့်အလမ်းမျိုးတွင် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီမင်းသား Khaled bin Alwaleed bin Talal Al Saud မှ တည်ထောင်ခဲ့သည့် KBW Ventures သည် အသွင်ပြောင်းနည်းပညာများ (transformative technologies) နှင့် စီးပွားရေးပုံစံများ (business models) ပိုင်ဆိုင်သည့် ကုမ္ပဏီများကို အာရုံစိုက်နေကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ ဒူဘိုင်းတွင် ဂြိုလ်တုရုံးခွဲတစ်ခု ပိုင်ဆိုင်ထားသည့် အဆိုပါ ကုမ္ပဏီသည် ဇီဝနည်းပညာ၊ ဉာဏ်ရည်တု (AI)၊ ထုတ်လွှင့်မှုနည်းပညာများ (broadcast technologies) နှင့် အခြားသော ရှေ့ပြေးကဏ္ဍများ (forward-looking sectors) တွင် ရင်းနှီးမြှုပ်နှံထားသည်။
Tolani က ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော ထွန်းသစ်စ စက်မှု လုပ်ငန်း တစ်ခုအဖြစ် ဇီဝနည်းပညာကို ဖော်ထုတ်ပြသခဲ့သည်။ တရုတ်နိုင်ငံသည် ဇီဝနည်းပညာနယ်ပယ်တွင် အတော်ပင် အဆင့်မြင့်နေပြီ ဖြစ်ကြောင်း၊ UAE အနေဖြင့် ယင်းသို့သောနယ်ပယ်၌ အောင်မြင်မှု ရရှိရန် လျင်မြန်စွာ ကြိုးပမ်းနေရဆဲ ဖြစ်ကြောင်း၊ ဤသို့သော သီးခြားကဏ္ဍအတွက် ဒေသတွင်း အချုပ်အခြာ အာဏာပိုင်အဖွဲ့များ (sovereign wealth funds) ၏ အာရုံစိုက်မှုကို များစွာတွေ့မြင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် UAE ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ခဲ့ပြီး UAE သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ပို့ကုန်ဈေးကွက်နှင့် အရှေ့အလယ်ပိုင်းတွင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ် သည်။ တရုတ်နိုင်ငံသည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စတင်ဝင်ရောက်ပြီး ဒေသတွင်း ဂေဟစနစ်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဒေသတွင်းဂေဟစနစ်၊ ယဉ်ကျေးမှုနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ပတ်၀န်းကျင် (regulatory environment) ကို နားလည်ရန်လည်း အဓိကကျကြောင်း ဖော်ပြခဲ့သည်။
အရင်းမြစ်။ http://en.people.cn/n3/2024/1212/c90000-20253076.html
စီးပွားရေးသံမှူး၊ ကူမင်းမြို့။