International News

တရုတ်-အမေရိကန် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာ

Last Updated:

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်-အမေရိကန် ကုန်သွယ်မှု သည် ၂၀၂၄ ခုနှစ် ပထမဆယ့်တစ်လအတွင်း ယွမ် ၄ ဒသမ ၄၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၄ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း တရုတ် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GAC) ၏ အချက်အလက်များ အရ သိရသည်။ ယင်း တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ပထမ ဆယ်လတွင် ၀ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တိုးတက်မှု နှေးကွေးခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် မှတ်တမ်းတင်ထားသော တိုးတက်မှု ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှု မရှိကြောင်း တွေ့ရှိရသည်။

တရုတ်-အမေရိကန် ကုန်သွယ်မှုသည် မသေချာမရေရာမှုများ မြင့်တက်နေသော်လည်း နှစ်နိုင်ငံ စီးပွားရေးနှစ်ရပ်လုံး၏ ကုန်သွယ်မှုတည်ဆောက်ပုံများ၌ မြင့်မားသော ပေါင်းစပ်မှုများနှင့် ခံနိုင်ရည်ရှိ သော သဘာ၀ကို သိသိသာသာ ပြသလာနိုင်ကြောင်း တရုတ်လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့ သည်။ မှားယွင်းသော အဆိုပြုချက်တစ်ခု ဖြစ်သည့် အခွန်တိုးကောက်ခြင်းသည် နှစ်ဖက်လုံးရှိ လုပ်ငန်း များ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပြီး အမေရိကန် စားသုံးသူများအပေါ် သိသာထင်ရှားသော ထိခိုက် မှုကို ဖြစ်စေနိုင်ကြောင်း ဝါရှင်တန် သတိပေးချက်တွင် ဖော်ပြထားသည်။

GAC အချက်အလက်များအရ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ယွမ် ၃ ဒသမ ၃၈ ထရီလီယံဖြင့် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်။ အမေရိကန်နိုင်ငံမှ သွင်းကုန်ပမာဏမှာ ယွမ် ၁ ဒသမ ၀၆ ထရီလီယံ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိရသည်။

၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်စည်ကုန်သွယ်မှု တန်ဖိုးသည် ယွမ် ၃၉ ဒသမ ၇၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၉ ထရီလီယံ) ရှိသည်။ ပို့ကုန်တွင် တစ်နှစ် ထက်တစ်နှစ် ၆ ဒသမ ၇ ရာခိုင်နှုန်း မြှင့်တက်လာပြီး တင်သွင်းမှုတွင် တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အကောက်ခွန်အချက်အလက်များအရ တရုတ်-အမေရိကန် ကုန်သွယ်မှုသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၁၁ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။

၂၀၂၄ ခုနှစ် ဆယ့်တစ်လတာ ကာလအတွင်း အမေရိကန်အစိုးရ၏ တစ်ဖက်သတ် ကုန်သွယ်မှု ကန့်သတ်မှုများကို လျှော့ချရန် တွန်းအားပေး ဆောင်ရွက်နေခဲ့သော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှု၏ တည်ငြိမ်ပြီး ခံနိုင်ရည်ရှိသော အခြေခံအချက်များကြောင့် တရုတ်-အမေရိကန် ကုန်သွယ်မှုသည် တိုးတက်မှုလမ်းကြောင်းပေါ်သို့ ဦးတည်နေကြောင်း ပေကျင်းမြို့၊ Chinese Academy of Social Sciences မှ ကျွမ်းကျင်သူ Gao Lingyun က ပြောကြားခဲ့သည်။

လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များတွင် Made in China ထုတ်ကုန်များအတွက် အမေရိကန် ၀ယ်လိုအား၏ လှုံ့ဆော်ပေးခြင်းကြောင့် အားလပ်ရက်ရာသီများတွင် ပို့ကုန်တိုးတက်မှုနှုန်း သိသာလာမည်ဖြစ်ကြောင်း၊ နောက်နှစ်တွင် ဖြစ်လာနိုင်ချေရှိသည့် အကောက်ခွန် တိုးမြင့်လာနိုင်မှုကို စိုးရိမ်နေရသဖြင့် တရုတ်မှသွင်းကုန်များအား သိုလှောင်ရန် အလျင်စလိုလုပ်ဆောင်နေသော အမေရိကန် ကုန်သွယ်ရေးလုပ်ငန်းကြီးများအနေဖြင့် ဒီဇင်ဘာလတွင် အဆိုပါ သက်ရောက်မှုအပေါ် ရင်ဆိုင်နိုင်ရန် ဆောင်ရွက်လာနိုင်ကြောင်း Gao က မှတ်ချက်ပြုခဲ့သည်။

နို၀င်ဘာလထုတ် Wall Street Journal အစီရင်ခံစာအရ အမေရိကန်ကုမ္ပဏီများသည် Trump ၏ အလားအလာရှိသော အကောက်ခွန်တိုးမြှင့်မှု မတိုင်မီ တရုတ်သွင်းကုန်များကို စုဆောင်းနေပြီဖြစ် ကြောင်း ဖော်ပြခဲ့သည်။

တရားမ၀င် လူဝင်/လူထွက်နှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် သမ္မတ ရာထူး ရရှိပြီးသည်နှင့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်နှုန်းသစ် များ ကောက်ခံသွားမည်ဟု Trump က နိုဝင်ဘာလတွင် ပြောခဲ့သည်။ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများ အပေါ် ထပ်ဆောင်း အခွန်စည်းကြပ်မှု ၁၀ ​​ရာခိုင်နှုန်းစသည်ဖြင့် ၎င်း၏ ပထမဆုံး အမှုဆောင်အမိန့်များ မှ တစ်ခုအဖြစ် ထုတ်ပြန် စည်းကြပ်သွားမည် ဖြစ်ကြောင်း Associated Press က ဖော်ပြခဲ့သည်။

အချက်အလက်များအရ အမေရိကန်စားသုံးသူများ၏ ရှုထောင့်မှ လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှု၏ ရှုထောင့်မှ လည်းကောင်း တရုတ်နိုင်ငံအပေါ် Trump ၏ ကုန်သွယ်ရေး နှင့် စီးပွားရေးမူဝါဒများအပေါ် ဆင်ခြင်သုံးသပ်ပေးရန် ဝါရှင်တန်သို့ သတိပေးချက်တစ်ခုအဖြစ် ပြောလို ပါကြောင်း Gao က မှတ်ချက်ပြုသည်။

Trump ၏ မိန့်ခွန်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က တစ်ဖက်သတ် အခွန်စည်းကြပ်မှုအပေါ် ဆန့်ကျင်သည့် တရုတ်၏ ရပ်တည်ချက်သည် တသမတ်တည်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။ အမေရိကန်အနေဖြင့် WTO စည်းမျဉ်းများကို လိုက်နာပြီး အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် Win-Win ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများနှင့်အညီ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြှင့်တင်ရန် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း ဖော်ပြခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1210/c90000-20252386.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: International News