International News

ဟောင်ကောင်နှင့် မကာအိုဒေသတို့အကြား ငွေချေးစာချုပ် ရှင်းလင်းပေးချေမှုများ အတွက် တိုက်ရိုက် ချိတ်ဆက်

Last Updated:

ငွေချေးစာချုပ်ဈေးကွက်များ မြှင့်တင်နိုင်ရေးအတွက် ဟောင်ကောင်ငွေကြေးအာဏာ ပိုင်အဖွဲ့အစည်း (HKMA) မှ Central Moneymarkets Unit (CMU)နှင့် မကာအိုဒေသ Central Securities Depository and Clearing Limited ၏ Central Securities Depository (CSD) တို့အကြား တိုက်ရိုက်ချိတ်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် “Hong Kong, Macau establish direct link for bond clearing and settlement” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

အဆိုပါအစီအစဉ်အရ ဟောင်ကောင်ဒေသရှိ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့အစည်း၊ CMU တွင် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့် များမှ မကာအို Central Securities Depository (CSD) နှင့် ချိတ်ဆက်ထားသည့် ငွေချေး စာချုပ်များအတွက် တိုက်ရိုက်ပေးချေရှင်းလင်းခြင်းနှင့် ကိုင်ဆောင်ထားခြင်း များ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ မကာအိုဒေသမှ ရင်းနှီးမြှုပ်နှံ သူများအနေဖြင့်လည်း အလားတူ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။အဆိုပါအစီအစဉ် စတင်အသုံးပြုနိုင်မည့် နေ့ရက်နှင့် အစီအစဉ်အသေးစိတ်ကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ငွေကြေးအာဏာ ပိုင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

 

Category: International News