International News

ဗီယက်နမ်နိုင်ငံ ဘတ်နင်းပြည်နယ်တွင် စက်ရုံတည်ဆောက်ရန်အတွက် Samsung Display မှ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည်

Last Updated:

Samsung Display ဗီယက်နမ်ကုမ္ပဏီသည် ဘတ်နင်းပြည်နယ်မြောက်ပိုင်းရှိ ရီဖုန်စက်မှု ဥယျာဉ်ရှိ စက်ရုံသစ်တွင် အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြှပ်နှံရန် စီစဉ်လျက်ရှိပြီး အဆိုပါ စက်ရုံမှ အီလက်ထရွန်နစ်ကိရိယာနှင့် အစိတ်အပိုင်းများအတွက် ဖန်သားပြင်များ ထုတ်လုပ်ပေးမည်ဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ညီလာခံတွင် ပြည်နယ်အာဏာပိုင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လိုင်စင်ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဆမ်ဆောင်းသည် ၂၀၀၈ ခုနှစ်တွင် ဘတ်နင်းပြည်နယ်တွင် စတင်ရင်းနှီးမြုပ်နှံခဲ့ပြီး ကနဦး ရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၇၀ သန်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခု အကြာတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂.၄ ဘီလီယံကျော်ဖြင့် ဗီယက်နမ်နိုင်ငံတွင် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော်အား ဘတ်နင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်းသိရှိရသည်။

ဆမ်ဆောင်းကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်းတို့၏ module display များ ထုတ်လုပ်သည့် အချက်အချာဖြစ်လာစေရန်အတွက် လာမည့် သုံးနှစ်အတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာတိုးမြှင့်သွားရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ အစီအစဉ် အောင်မြင်ရန်အတွက် ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News