Local News

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ငလင်ပန်းကျေးရွာ၌ ခရမ်းကြွပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ငလင်ပန်းကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းကြွပ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ် ပတ်လုံးစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ မျိုးအနေဖြင့် နှင်းဆီတံဆိပ် ခရမ်းကြွပ်မျိုးစေ့များ စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့နှစ်ထုပ် ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာ၌ မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်သသက်တမ်း ၃၀ ရက်သားအရွယ်တွင် နှစ်ပေအကျယ်ရှိ စိုက်ပေါင်တွင် အတန်းလိုက်စိုက်ပျိုးရကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းတွင် ခရမ်းကြွပ်သီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်သိန်း ၂၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပိဿာချိန် ၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် ခရမ်းကြွပ်သီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၂၅၀၀ ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းအရောက်လာရောက်ဝယ်ယူကြပြီး ပွဲစားများက တစ်ဆင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ်သိန်း ၃၀ ခန့်ရရှိရာ ယခုနှစ်တွင် ခရမ်းကြွပ်သီးဈေး ပိုမိုရရှိကြောင်း တောင်သူတစ်ဦး ထံမှ သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News