International News

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ရေနံထွက်ကုန်များ၏ လက်လီစျေးနှုန်းများကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် E5RON92 စက်သုံးဆီစျေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၀,၈၈၂ ရှိပြီး ဗီယက်နမ်ဒေါင် ၁၆၇ မြင့်တက်လာခဲ့ပြီး RON95-III စက်သုံးဆီစျေးနှုန်းသည် တစ်လီတာ လျှင် ဗီယက်နမ်ဒေါင် ၂၁,၈၅၂ ဖြင့် ရောင်းချလျက်ရှိပြီး ဗီယက်နမ်ဒေါင် ၁၇၉ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဒီဇယ်ဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၈၉ မြင့်တက်ခဲ့ပြီး တစ်လီတာလျှင် ၁၉,၂၃၀ ဖြင့်ရောင်းချလျက်ရှိပြီး ရေနံဆီစျေးနှုန်းမှာ တစ်လီတာလျှင် ၁၉,၅၇၂ ဖြစ်ပြီး ဗီယက်နမ်ဒေါင် ၁၆၁ မြင့်တက်ခဲ့ပါသည်။ Mazut ဆီ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၆,၂၄၅ ရှိပြီး ဗီယက်နမ်ဒေါင် ၂၁၇ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန နှစ်ခုသည် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေကို မပြောင်းလဲပဲ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။        

သြဂုတ်လ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ကမ္ဘာ့ရေနံဈေးကွက်သည် အရှေ့အလယ်ပိုင်းအခြေအနေ၊ အမေရိကန်ရေနံစိမ်းသိုလှောင်မှု မြင့်တက်လာမှုနှင့် ရုရှား-ယူကရိန်းကြား ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်စေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

 

Source: https://en.baoquocte.vn/

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News