International News

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အထိ ရောက်ရှိရန် ရည်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဒူးရင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ အခြေအနေကောင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ပို့ကုန်တင်ပို့မှုသည် ကျန်လများအတွင်း မြင့်တက်လာမည်ဖြစ်ပြီး နှစ်ကုန် တွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ တောင်သူများသည် ရာသီကုန် ဒူးရင်းအထွက်နှုန်း တိုးလာကာ ၇ လတာကာလအတွင်း အထွက်နှုန်း သိသိသာသာတိုးတက်လာကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဒေသတွင်းစိုက်ပျိုးသည့် ဧရိယာ၏ ၅၀ မှ ၆၀ ရာခိုင်နှုန်းခန့်သည် ရာသီကုန် စိုက် ပျိုးမှုကို အာရုံစိုက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဒူးရင်း အ ထွက် နှုန်း သိသိသာသာကျဆင်းလာသည့်အတွက် ဗီယက်နမ်ဒူးရင်းအတွက် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အထူးသဖြင့် အလယ်ပိုင်းကုန်းမြင့်မှ ဒူးရင်းအမြောက်အမြားကို ယခုနှစ်၏ ကျန်လများတွင် တင်ပို့မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လက်ရှိဒူးရင်းစိုက်ဧက ၁၅၀,၀၀၀ ခန့်ရှိပြီး ဟက်တာ ၇၅,၀၀၀ ကျော်ခန့်မှာ အလယ်ပိုင်းကုန်းမြင့်ဒေသတွင် တည်ရှိကြောင်း သိရှိရပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

 

Category: International News