International News

ဗီယက်နမ်နိုင်ငံ ဘန်ကျဲပြည်နယ်သည် အုန်းသီးတင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဘန်ကျဲပြည်နယ်သည် နိုင်ငံနှင့် နယ်မြေပေါင်း ၉၀ သို့ အုန်းသီးများကို တင်ပို့လျက်ရှိရာ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရရှိကြောင်း ပြည်နယ်ပြည်သူ့ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ပြည်နယ်တွင် စုစုပေါင်း အုန်းသီးစိုက်ဧရိယာ ဟက်တာ ၇၉,၀၀၀ ကျော် ရှိကြောင်း သိရှိရပါသည်။

ပြည်နယ်အာဏာပိုင်များအနေဖြင့် အုန်းပင်များကို အဓိကစက်မှုသီးနှံအဖြစ် သတ်မှတ်ထားရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် မူဝါဒများချမှတ်လျက်ရှိကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အုန်းသီးထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းတွင် နည်းပညာသစ်များ အသုံးပြုခြင်းကိုလည်း မြှင့်တင်လျက်ရှိကြောင်း ဩဂုတ်လ ၁၆ ရက်က ကျင်းပပြုလုပ်သည့် “Sustainable Green Development Toward Net Zero” အခမ်းအနားတွင် ခရိုင်ပြည်သူ့ကော်မတီဥက္ကဋ္ဌ Tran Ngoc Tam က ပြောကြားခဲ့ပါသည်။

ပညာရှင်များ၏ အဆိုအရ အုန်းပင်များသည် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ရှိနိုင်သောအပင်အမျိုးအစားဖြစ်ကြောင်း၊ အုန်းပင်များသည် ကာဗွန်ဓာတ် နည်း သော ထုတ်လုပ်မှုဆီသို့ ဦးတည်ကာ ကာဗွန်ကိုစုပ်ယူနိုင်စွမ်းရှိကြောင်း၊ ဘန်ကျဲပြည်နယ်တွင် ကျယ်ပြန့်သော အုန်းစိုက်ပျိုးဧရိယာများရှိရာ CO2 တန်ချိန် ၁.၉ မှ ၅.၈ သန်းအထိ သိုလှောင် နိုင်စွမ်းကြောင်းဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဗီယက်နမ်နိုင်ငံတွင် အုန်းစိုက်ပျိုးမှု စုစုပေါင်း ဧရိယာသည် ၂၀၂၂ ခုနှစ်တွင် ၁၉၄,၀၀၀ ဟက်တာအထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News