International News

အမေရိကန်ဗဟိုဘဏ် (Federal Reserve) သည် အတိုးနှုန်းကို (၀.၅) ရာခိုင်နှုန်း လျှော့ချခဲ့ခြင်း

Last Updated:

အမေရိကန်ဗဟိုဘဏ် (Federal Reserve) သည် အတိုးနှုန်းကို (၀.၅) ရာခိုင်နှုန်း လျှော့ချခဲ့ ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၁၈-၉-၂၀၂၄ ရက်တွင် “Fed Cuts Rates by Half Percentage Point” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဗဟိုဘဏ်အတိုးနှုန်းလျှော့ချမည့်အပေါ် အမေရိကန်ဗဟိုဘဏ် (၁၂) ခုရှိသည့်အနက် (၁၁) ခု က ထောက်ခံခဲ့ကြရာ လျှော့ချပြီးနောက်အတိုးနှုန်းသည် (၄.၇၅) ရာခိုင်နှုန်းနှင့် (၅) ရာခိုင်နှုန်းအကြား ရှိလာကြောင်း၊ ၁၈-၉-၂၀၂၄ ရက်ထုတ်ပြန်သည့် သုံးလပတ်ခန့်မှန်းချက် အစီရင်ခံစာအရ လာမည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အတိုးနှုန်းကို (၀.၂၅) ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း၊ ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ “ငွေကြေးဖောင်းပွမှုသည် သတ်မှတ်ချက်ဖြစ်သည့် (၂) ရာခိုင်နှုန်းသို့ ကျဆင်းနေသည်ဟုယုံကြည်ပြီး အလုပ်ခန့်ထားမှုနှင့် ငွေကြေးဖောင်းပွမှုသတ်မှတ်ချက်သည် မျှခြေသို့ ရောက်လာသည်ဟုလည်း ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် အတိုးနှုန်းလျှော့ချမှုသည် ငွေကြေး ဖောင်းပွမှုကျဆင်းလာပြီး အန္တရာယ်ဖြစ်နိုင်ခြေကျဆင်းမှုလည်း တိုးတက်လာ၍ဖြစ်သည်” ဟု ဖော်ပြထားကြောင်း၊ အတိုးနှုန်းလျှော့ချမှုကြောင့် အကြွေးဝယ်ကတ်အသုံးပြုသူများမှအစ  အသေးစား စီးပွားရေးလုပ်ငန်းများအထိ ချေးငွေအတိုးနှုန်းသည် ပြောင်းလဲမှုရှိလာသဖြင့် အတိုးနှုန်းသက်သာလာ မည်ဖြစ်ကြောင်း၊ အိမ်အပေါင်စာချုပ်ချေးငွေနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ ချေးငွေများအပါအဝင် ကာလရှည်ချေးငွေများ၏ အတိုးနှုန်းသည် ယခင်လမှစ၍ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။      

လွန်ခဲ့သော (၂)နှစ်ခွဲကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် (၇) ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell အနေဖြင့် ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန် အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်အရာရှိများအနေဖြင့် ၁၉၇၀ ပြည့်နှစ် ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် တုန်လှုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် ငွေကြေး ဖောင်းပွမှုသည် ယခင်နှစ်တွင် ကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ပြန်လည်ကောင်းမွန်လာသလို အလုပ်သမားအများအပြားဝင်ရောက်လာပြီး အလုပ်အကိုင်ဈေးကွက်လည်း တည်ငြိမ်လာခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှုထုတ်ပြန်ချက်ကြောင့် စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ပြီး Dow Jones Industrial Average အညွှန်းကိန်းသည် ၁၆-၉-၂၀၂၄ ရက်တွင် မြင့်တက်ခဲ့ ကြောင်း၊ (၁၀)နှစ်သက်တမ်းရှိငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် ၁၇-၉-၂၀၂၄ ရက်တွင် (၃.၆၄) ရာခိုင်နှုန်းရှိရာ တစ်နှစ်တာအတွင်း အနိမ့်ဆုံးရာခိုင်နှုန်းထက်အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: International News