International News

ဗီယက်နမ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုဈေးကွက်တွင် အာဂျင်တီးနားမှ ဦးဆောင်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်း အဓိကဈေးကွက် ၅ ခုမှ ပြောင်းတင်သွင်းခဲ့ပြီး အာဂျင်တီးနားသည် တန်ချိန် ၃.၁၉ သန်းဖြင့် နိုင်ငံ၏ စုစုပေါင်းတင်သွင်းမှု၏ ၅၅.၅ ရာခိုင် နှုန်းရှိကာ တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာသည်။ အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်များမှ ပြောင်းတန်ချိန် ၅.၇၄ သန်း တင်သွင်းခဲ့ပြီး ပြီးခဲ့သည့်လကုန်တွင် အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံဖိုးအထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါ သည်။

ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက သွင်းကုန်ပမာဏ ၃၄ ရာခိုင်နှုန်း တိုးလာသော် လည်း ကုန်သွယ်မှုပမာဏမှာ ၁.၉ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပြီး နိုင်ငံတကာဈေးကွက်တွင် ပြောင်းဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အာဂျင်တီးနားသည် ပြောင်းဖူးတင်သွင်းမှုတွင် ဗီယက်နမ်၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ် ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ပထမ ၇ လအတွင်း အာဂျင်တီးနားမှ ပြောင်းတန်ချိန် ၃.၁၉ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၇၂.၂၉ သန်းရှိကြောင်း၊ ပျမ်းမျှ  ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၄၂.၄ ဖြစ်ကြောင်းဖော်ပြထားသည်။

အာဂျင်တီးနားမှ တင်သွင်းသည့် ပြောင်းပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃၀.၃ ရာခိုင်နှုန်း တိုးလာကာ ကုန်သွယ်မှုပမာဏ ၇၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပြောင်းဈေးနှုန်းမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအချက်သည် ဗီယက်နမ်နှင့် အာဂျင်တီးနားကြား ကုန်သွယ်မှုဆက်ဆံရေးသည် ခိုင်မာအားကောင်းလာကြောင်း၊ အာဂျင်တီးနားသည် ဗီယက်နမ်၏ ပြောင်းလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြသလျက်ရှိကြောင်း ညွှန်ပြလျက်ရှိသည်။

ဗီယက်နမ်သို့ ပြောင်းတင်ပို့မှု ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် ဘရာဇီးသည် ၂၀၂၄ ခုနှစ် ပထမ ၇ လတွင် တန်ချိန် ၁.၅၇ သန်းအထိ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ စုစုပေါင်းတင်သွင်းမှု၏ ၂၇.၄ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အာဂျင်တီးနားနှင့် ဘရာဇီးတို့အပြင် ထိုင်း၊ လာအိုနှင့် အိန္ဒိယတို့ကဲ့သို့ ဈေးကွက်များမှလည်း ပြောင်းတင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ခြုံငုံသုံးသပ်ရပါက ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် အာဂျင်တီးနားနှင့် ဘရာဇီးတို့ကဲ့သို့သော မိတ်ဖက်များအပေါ် သိသိသာသာ မှီခိုအားထားမှုကိုပြသလျက်ရှိပြီး သွင်းကုန်များသည် ဈေးနှုန်းဖွဲ့စည်းပုံနှင့် ရောင်းလိုအားဈေးကွက် အပြောင်းအလဲများကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။

ပြောင်းကို အမြောက်အမြားတင်သွင်းခြင်းသည် ကုန်သွယ်မှုမျှတမှုကို ဖိအားဖြစ်စေရုံသကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေပါသည်။

ဗီယက်နမ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုတိုးလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် မွေးမြူရေးနှင့် အစာထုတ်လုပ်သည့်လုပ်ငန်းမှ ကြီးထွား လာသော ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပြည်ပမှတင်သွင်းသော ပြောင်းအပေါ်မှီခိုအားထားမှု လျှော့ချရန်အတွက် ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းပြောင်းထွက်ရှိမှုကို မြှင့်တင်ရန်အတွက် ကျွမ်းကျင်သူမျာအား တိကျသော အစီအမံများကို အကောင်အထည် ဖော်ရန်အကြံပြုထားကြောင်းဖော်ပြထားပါသည်။

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News