International News

၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်အတွင်း ယူကရိန်းနိုင်ငံ၏စပါးတင်ပို့မှုမှာသိသိသာသာ မြင့်တက်လာ

Last Updated:

သြဂုတ်လ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဈေးကွက်ဝင်နှစ်မှ စတင်၍ စပါးနှင့်ပဲတန်ချိန် ၄.၉ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၅၈.၉% တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များမှ သိရပါသည်။ ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ ယူကရိန်းသည် လက်ရှိရာသီချိန်မှ စတင်၍ ဂျုံ တန်ချိန်  ၂.၂၇၃ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄တွင် တင်ပို့ခဲ့သော ၁.၂၅သန်းနှင့်နှိုင်းယှဥ်ပါက များစွာတိုးတက်လာခဲ့ပါသည်၊ ထို့အပြင် တင်ပို့မှုတွင် မုယောဆန်တန်ချိန် ၇၃၉၀၀၀၊(၂၀၂၃-၂၀၂၄တွင် ၃၈၅၀၀၀တန်)၊ RYE ဂျုံတန်ချိန်၃၀၀(၂၀၂၃-၂၀၂၄တွင်တန်ချိန် ၆၀၀)နှင့် ပြောင်း တန်ချိန် ၁၃၉၂သန်း(၂၀၂၃-၂၀၂၄ တွင်တန်ချိန် ၁၄၃၀၀၀)တို့ ပါဝင်ပါသည်။

ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ ယူကရိန်းသည် လက်ရှိရာသီ စတင်ချိန်မှစ၍ ဂျုံတင်ပို့ စုစုပေါင်းမှာ တန်ချိန် ၆၃၀၀(၂၀၂၃-၂၀၂၄တွင် တန်ချိန်၁၄၉၀၀)ရှိပြီး အထူးသဖြင့် ဂျုံတန်ချိန် ၅၇၀၀(၂၀၂၃-၂၀၂၄တွင်တန်ချိန် ၁၄၃၀၀)ရှိခဲ့သည်။

Source: Pravda

Source: https://www.doca.gov.mm

Category: International News