International News

တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်မှုသည် ဈေးကွက်အလားအလာကို ပိုမိုမြင့်တက်စေခဲ့

Last Updated:

တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်မှု (trade-ins) သည် ဈေးကွက်ဝယ်လိုအားသစ် များ ထွက်ပေါ်စေခဲ့သည်။ ယနေ့အချိန်ထိ မော်တော်ကားဖျက်သိမ်းခြင်း (automobile scrapping) နှင့် ထောက်ပံ့ကြေး သက်တမ်းတိုးခြင်း (renewal subsidies) အတွက် လျှောက်လွှာပေါင်း ၁ ဒသမ ၄ သန်း ကျော်ကို မှတ်တင်ထားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sheng Qiuping ၏ ပြောကြားချက်အရ သိရှိရသည်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူပေါင်း ၁၀ ဒသမ ၈ သန်းကျော်သည် တရုတ်နိုင်ငံ၏ လူသုံးကုန် ပစ္စည်းများ ဆန်းသစ်ခြင်း အစီအစဉ် (China’s consumer goods renewal program) တွင် ပါဝင်သော အိမ်သုံးပစ္စည်း ၁၅ ဒသမ ၆ သန်းခန့်ကို ဝယ်ယူခဲ့ကြောင်း၊ အိမ်သုံးပစ္စည်းများ ရောင်းဝယ်မှု (Household appliance trade-ins) သည် တန်ဖိုးငွေအားဖြင့် ယွမ် ၇၃ ဒသမ ၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံခန့်) ရှိကြောင်း၊  ယခုနှစ် ပထမနှစ်ဝက်အတွင်း စားသုံးမှု (consumption) တစ်ခုတည်းက တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၆၀ ဒသမ ၅ ရာခိုင်နှုန်း အထိ ပံ့ပိုးပေးနိုင်ခဲ့ပြီး ၎င်းသည် GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းအထိ မြှင့်တက်စေခဲ့ကြောင်းနှင့် ပြည်တွင်း စားသုံးမှု မြှင့်တင်ရန်နှင့် ဈေးကွက်တည်ငြိမ်ပြီး အရှိန်အဟုန်ဖြင့် အပြုသဘောဆောင်သော တိုးတက်မှုကို ပိုမိုခိုင်မာလာစေရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဌာနများနှင့် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး Sheng က တရုတ်နိုင်ငံ မြောက်ပိုင်း Tianjin တွင် ကျင်းပပြုလုပ်ခဲ့သည့် 2024 Haihe International Consumption Forum တွင် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန်နှင့် နိုင်ငံစီးပွားရေး ကို မြှင့်တင်ရန်အတွက် စက်ကိရိယာနှင့် လူသုံးကုန်ပစ္စည်းများ ဆန်းသစ်ခြင်း အစီအစဉ် (Equipment and consumer goods renewal program) ကို အကောင်အထည်ဖော် လုပ်ဆောင်မည့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အဆိုပါ အစီအစဉ်အတွက် အထူးငွေတိုက်စာချုပ်များ (ultra-long special treasury bonds) မှတစ်ဆင့် အပိုရန်ပုံငွေ ယွမ် ၃၀၀ ဘီလီယံကို ပံပိုးပေးခြင်းဖြင့် မူဝါဒဆိုင်ရာ ပံ့ပိုးကူညီမှုများကို ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

         

အရင်းမြစ်။ http://en.people.cn/n3/2024/1019/c90000-20231390.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News