International News

တရုတ်နိုင်ငံ၏ မူဝါဒ ပံ့ပိုးမှုများကြောင့် လူသုံးကုန်ပစ္စည်း လက်လီရောင်းချမှုသည် စက်တင်ဘာလတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ မော်တော်ယာဥ်နှင့် အိမ်သုံးပစ္စည်းများ ရောင်းချမှုသည် အရှိန်အဟုန်ဖြင့် မြှင့်တက် လာမှုနှင့်အတူ ပြည်တွင်းစားသုံးမှုသည်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဆက်လက်တိုးလာခဲ့သည်။ နိုင်ငံ၏ မူဝါဒ အထောက်အပံ့များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်တံ့ခိုင်မြဲစေမည့် အရေးပါသော အလားအလာတစ်ခုဖြစ်သည်ကို ဖော်ထုတ်ပြခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှု စုစုပေါင်း တန်ဖိုးသည် ယွမ်ငွေ ၄ ဒသမ ၁၁၁၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၇၇ ဒသမ ၄၅ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသည်။ ယင်းသည် ယခင်လထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုကြောင်း တရုတ် အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics - NBS) မှ ထုတ်ပြန် သော အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ် ပထမ သုံးလပတ် အတွင်း စတင်ခဲ့သော မူဝါဒပံ့ပိုးမှုများသည် ပြည်တွင်း ဝယ်လိုအား အလားအလာနှင့် သက်ဆိုင်ရာ စက်မှုလုပ်ငန်းဆိုင်ရာ အလားအလာများ၌ သိသာထင်ရှားသော အကျိုး သက်ရောက်မှုရှိခဲ့ကြောင်း NBS ၏ လက်ထောက်အကြီးအကဲ Sheng Laiyun က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

တရုတ် ပြည်တွင်း မော်တော်ယာဥ် လက်လီရောင်းချမှုအနေဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှုအပါအဝင် လပေါင်းများစွာ ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက် ယခုလတွင် ၀ ဒသမ ၄ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုအနေဖြင့်လည်း စက်တင်ဘာ လတွင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁ ရာခိုင်နှုန်း သိသိ သာသာ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ တစ်ဝှမ်းရှိ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း (tade-ins) နှင့် စက်ကိရိယာများ အကြီးစား အစားထိုးလဲလှယ်ခြင်း (large-scale renewal) အပါအဝင် အစိုးရ၏ ပံ့ပိုးကူညီမှုသည် တိုးတက်မှုကို သိသိသာသာ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ လူသုံးကုန် ပစ္စည်းများ၏ လက်လီရောင်းချမှု စုစုပေါင်းတန်ဖိုးသည် ယွမ်ငွေ ၃၅ ဒသမ ၃၅၆၄ ထရီလီယံအထိ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း NBS ၏ ဖော်ပြချက်အရ သိရှိရသည်။

တရုတ်နိုင်ငံ၏ အွန်လိုင်းလက်လီရောင်းချမှုအနေဖြင့် ယွမ်ငွေ ၁၀ ဒသမ ၈၉၃၀ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လူသုံးကုန်ပစ္စည်းများ၏ အွန်လိုင်းလက်လီရောင်းချမှုသည်လည်း ယွမ်ငွေ ၉ ဒသမ ၀၇၂၁ ထရီလီယံသို့ ရောက်ရှိခဲ့သဖြင့် ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး လက်လီရောင်းချမှုစုစုပေါင်း၏ ၂၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ပထမ သုံးလပတ်တွင် ဝန်ဆောင်မှုများ၏ လက်လီရောင်းချမှုသည် တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1018/c90000-20231196.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News