International News

ဖိလစ်ပိုင်ကုန်သည်ကြီးများအသင်းမှ လုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေး (Ease of doing business)ကို ဦးစားပေးဆောင်ရွက်ပေးရန်အကြံပြုပြောကြား

Last Updated:

လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာများနှင့်တီထွင်ဆန်းသစ်မှုများကို အသုံးချနိုင်ခြင်းအား ဖြင့် လုပ်ငန်းအတွက် ကုန်ကျစရိတ်များအား လျှော့ချပေးနိုင်မည်ဖြစ်သဖြင့် တွန်းအားပေးဆောင်ရွက်ပေးရန် ဖိလစ်ပိုင်ကုန်သည်ကြီးများအသင်းမှ ဖိလစ်ပိုင်အစိုးရသို့ အကြံပြုတင်ပြခဲ့ပါသည်။ Ease of Doing Business Law ကို အကောင်အထည်ဆောင်ရွက်လျက်ရှိပြီး အစိုးရဌာနများမှ ကြိုးနီစနစ်အား လျှော့ချပေးနိုင်ရေးအတွက် ဖြစ်သော်လည်းအပြည့်အဝအောင်မြင်ခြင်းမရှိသေးပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာအခက်အခဲများရှိနေသဖြင့် အချိန်ယူဆောင်ရွက်ရမည်များလည်း ရှိနေပါကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ လျှပ်စစ်အသုံးပြုခနှုန်းထားများ ကြီးမြင့်နေခြင်းကလည်း ရင်းနှီးမြှုပ်နှံ ရန်အလားအလာရှိသူများအတွက် အခက်အခဲ၊ အတားအဆီး ဖြစ်နေပါကြောင်း၊ သာမန်ကြုံတွေ့နေရ သည့်အခက်အခဲများဖြစ်သော ကုန်ပစ္စည်းသယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်နေမှုများလည်းရှိနေကြောင်း ဖိလစ်ပိုင်ကုန်သည်ကြီများအသင်း ဒုတိယဥက္ကဋ္ဌမှ ပြောကြားခဲ့ပါ သည်။ ဒီဂျစ်တယ်နည်း ပညာများ အသုံးပြုနိုင်မှုနည်းပါးခြင်း အထူးသဖြင့် ပြည်နယ်ဒေသများတွင် ဆက်သွယ်ရေး အခက်အခဲများရှိနေဆဲအခြေအနေများသည်လည်း နောက်ထပ်ကြုံတွေ့လာနိုင်သည့်ပြသနာတစ်ခုဖြစ်ပါကြောင်း၊ လမ်း၊ တံတားများ တိုးချဲ့ဆောက်လုပ်ပေးခြင်းကဲ့သို့သော အခြေခံအဆောက်အအုံကဏ္ဍတွင် အစိုးရမှ ဦးစားပေးဆောင်ရွက်ပေးနိုင်မည်ဆိုပါကကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေမည်ဖြစ်ပြီး ကုန်ကျစရိတ်လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ကုမ္ပဏီများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများတွင် နည်းပညာများ တီထွင်ဆန်းသစ်သုံးစွဲ သွားနိုင်မှသာလျှင်လက်ရှိဖြစ်ပေါ်နေသာစီးပွားရေးရပ်ဝန်းတွင် ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်မှုအားကောင်းလာမည်ဖြစ်ပါကြောင်း၊ အင်တာနက်၊ မိုဘိုင်းဖုန်းများသုံးစွဲခြင်းဖြင့် လုပ်ငန်းပမာဏ ချုံလိုက်နိုင်ပါကြောင်း၊ အကယ်၍တီထွင်ဆန်းသစ်မှုများဆောင်ရွက်နိုင်ခြင်းမရှိပါက နောက်တွင်ကျန်ရစ် ခဲ့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

“Embracing innovation. Empowering business. Enriching lives” ဆောင်ပုဒ်နှင့်အညီ ဖိလစ်ပိုင်ကုန်သည်ကြီးများအသင်းမှ သမ္မတမားကို့စ်ထံသို့အလုပ်သမားရေးရာကိစ္စ၊ လျှပ်စစ်စွမ်းအား၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ဆက်သွယ်ရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍အကြံပြုတင်ပြထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဒေတာစင်တာများပိုမိုလိုအပ်နေပြီး ဆက်သွယ်ချိတ်ဆက်နိုင်မှု ပိုမိုအားကောင်းလာစေရန်အတွက်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်ကုန်သည်ကြီးများအသင်းအနေဖြင့် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ကြိုးနီစနစ်လျော့ကျစေ ရေးအစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရေးအပါအဝင် အမြန်လမ်းကြောင်း (Gree Lane Initiative) တို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ မနီလာမြို့

 

Category: International News