International News

ချည်ထည်ပစ္စည်းဆိုင်ရာ စံသတ်မှတ်ချက်အသစ်အား ဖိလစ်ပိုင်အစိုးရမှ သတ်မှတ်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်အစိုးရမှ ချည်ထည်ပစ္စည်းများဆိုင်ရာ စံသတ်မှတ်ချက်အသစ်အား သတ်မှတ်သွား မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင်များအသင်း (The Philippines Exporters Confederation) မှ ပြောကြားခဲ့ပါသည်။ ချည်ထည်ဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက် (International Organization for standardization (ISO) နှင့်အညီ ဖိလစ်ပိုင်နိုင်ငံစံနှုန်း (Philippines National Standards-PNS) အား သတ်မှတ်သွားရန်အတွက် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှသက်ဆိုင်ရာအစိုးရဌာနများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းသို့ သဘောထားမှတ်ချက်များ တောင်းခံထားပါကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာစံနှုန်းနှင့်အညီဆောင်ရွက်ရာတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့နှင့် ထားရှိသည့် ကတိကဝတ်များနှင့်လည်းကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုသဘောတူညီချက်များဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်မှာလည်း အရေးကြီးပါ ကြောင်း Bureau of Philippines Standards-BPS မှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံစံနှုန်း (Philippines National Standards-PNS) အရ သတ်မှတ်သွားမည့် ချည် ထည်ပစ္စည်းဆိုင်ရာ စံသတ်မှတ်ချက်အသစ် ၅ ခုရှိပြီး ISO 105-B08:2014, ISO 105-C06:2010, ISO 105-E04:2013, ISO 105-X12:2016 နှင့် ISO 6330:2021 တို့ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဆိုပါစံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သွားနိုင်ရေး ပြည်တွင်းကုမ္ပဏီများ၊ စက်ရုံများ၊ စားသုံးသူများနှင့် အခြားပါဝင်ပက်သက်နေသည့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် အဖွဲ့ အစည်းများမှ သဘောထားမှတ်ချက်ကို 1BPS portat website တွင် ၂-၁၂-၂၀၂၄ ရက်နေ့နောက်ဆုံး ထား၍ ပေးပို့နိုင်ပါကြောင်း ဖော်ပြပါရှိပါသည်။

 

စီးပွားရေးသံမှူး၊ မနီလာမြို့

Category: International News