International News

ဟောင်ကောင်ဒေသရှိဘဏ်များ အတိုးနှုန်းလျှော့ချ

Last Updated:

အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချခဲ့ပြီးနောက် ဟောင်ကောင်ဒေသရှိ HSBC ဘဏ် မှ ၎င်းတို့၏ ချေးငွေအတိုးနှုန်းကို ၂၅  basis points (၅.၈၇၅ မှ ၅.၆၂၅ သို့) လျှော့ချသွား မည်ဖြစ်ပြီး၊ အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်သက်ဝင်မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်ဟု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ ၁၉ ရက်နေ့တွင် rthk သတင်းဌာနမှ “Local banks lower rates following Fed cut” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

Bank of China (Hong Kong) နှင့် Standard Chartered ဘဏ်တို့မှလည်း ၎င်းတို့၏ ချေးငွေအတိုးနှုန်းများနှင့် ဟောင်ကောင်ဒေါ်လာ အပ်ငွေများအတွက် အတိုးနှုန်းကို တနင်္လာနေ့မှ စတင်၍ ၀.၂၅ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချမှု ကြေညာပြီးနောက် ဟောင်ကောင် ငွေကြေး အာဏာပိုင်အဖွဲ့အစည်းမှလည်း ချေးငွေအတိုးနှုန်းကို ၅.၇၅ မှ ၅.၂၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လာမည့်နိုဝင်ဘာလတွင် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်း နောက်ထပ် ၀.၅ ရာခိုင်နှုန်း လျှော့ချသွားရန်မျှော်မှန်းသော်လည်း ဟောင်ကောင်ဒေသအနေဖြင့် လာမည့်နှစ်အထိ သိသာထင်ရှားသည့် အကျိုးရလဒ် ရရှိနိုင်ဖွယ်မရှိကြောင်း၊ အတိုးနှုန်းကို neutral အဆင့် တစ်ခုအထိ လျှော့ချနိုင်မှသာ ရရှိလာမည့် အကျိုးသက်ရောက်မှုကိုမြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း Standard Chartered ဘဏ် ငွေချေးစာချုပ်ဈေးကွက် ပူးတွဲဦးဆောင်သူ ဖြစ်သည့် Mackie Lau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အတိုးနှုန်းလျှော့ချမှုကြောင့် ဟောင်ကောင်ဒေသ၏ အိမ်ခြံမြေဈေးကွက် တိုးတက်လာရန် အိမ်ရာပိုင်ဆိုင်သူများနှင့် အဆောက်အဦ ဝယ်ယူမည့်သူများက မျှော်လင့်လျက်ရှိကြောင်း၊ အတိုးနှုန်းလျှော့ချမှုကြောင့် အရောင်းအဝယ်မြင့်တက်လာနိုင်သော်လည်း အိမ်ရာဈေးနှုန်းအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိလာမည်မဟုတ်ကြောင်း Commercial Real Estate Services ကုမ္ပဏီမှ ရာဖြတ်နှင့် အကြံပေးဝန်ဆောင်မှု အကြီး အကဲ Hannah Jeong က ပြောကြားခဲ့ကြောင်း  စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့

 

Category: International News