International News

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ၏စီးပွားရေး တည်ငြိမ်လာခဲ့ခြင်း

Last Updated:

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် တည်ငြိမ်လာခဲ့သည်ဟု ချီကာဂို ဗဟိုဘဏ်က ပြောကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၂၃-၉-၂၀၂၄ ရက် တွင် “U.S. Economy Stabilized in August, Chicago Fed Says” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဈေးနှုန်းမြင့်မားပြီး နိုင်ငံရေးအခြေအနေများ သေချာမှုမရှိသည့်ကာလဖြစ်သော်လည်း ဩဂုတ် လအတွင်း အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် ထပ်မံတိုးတက်လာခဲ့ကြောင်း၊ ချီကာဂို ဗဟိုဘဏ်၏ တစ်နိုင်ငံလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအညွှန်းကိန်း (Chicago Fed National Activity Index, CFNAI) သည် ဇူလိုင်လတွင် အနုတ်(၀.၄၂) ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လ တွင် အပေါင်း(၀.၁၂) ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်ဟု ချီကာဂိုဗဟိုဘဏ်က ပြောကြားခဲ့ကြောင်း၊ အဆိုပါ CFNAI အညွှန်းကိန်းသည် ဩဂုတ်လတွင် မြင့်တက်ခဲ့သော်လည်း (၃) လ အတွင်း ပျမ်းမျှ အညွှန်းကိန်းနှင့်နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

CFNAI အညွှန်းကိန်းသည် ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ခန့်ထားမှုတို့ကိုပါတိုင်းတာခြင်းဖြစ် ရာ ဩဂုတ်လအတွင်း ၎င်းကဏ္ဍနှစ်ခု၌တိုးတက်မှုများရှိခဲ့ပြီး အလုပ်အကိုင်ထပ်မံတိုးတက်လာမည် ဟု လည်း ဖော်ပြထားကြောင်း၊ သို့ရာတွင် ရောင်းအား၊ ဈေးဝယ်ရန်အော်ဒါမှာကြားမှုနှင့် ကုန်ပစ္စည်း စာရင်းလက်ကျန်တို့မှာ ကျဆင်းလျက်ရှိပြီး တစ်ဦးချင်းနှင့် မိသားစုအလိုက်စားသုံးမှု ကျဆင်းခြင်း တို့ကြောင့် ဝယ်လိုအားလည်းကျဆင်းလာနိုင်သည်ဟု အညွှန်းကိန်းကဖော်ပြလျက်ရှိကြောင်း သိရှိရ ပါသည်။

ငွေကြေးဖောင်းပွမှုတည်ငြိမ်ပြီး နိုင်ငံ၏စီးပွားရေးအခြေအနေတိုးတက်မှု နှေးကွေးလျက်ရှိသော်လည်း  အမေရိကန်ဗဟိုဘဏ်သည် ၁၈-၉-၂၀၂၄ ရက်တွင် အတိုးနှုန်းကို (၀.၅) ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

Category: International News