International News

အမေရိကန်လက်ထောက်ကုန်သွယ်ရေးကိုယ်စားလှယ်သည် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

Last Updated:

အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်ကုန်သွယ်ရေး ကိုယ်စား လှယ် (Assistant United States Trade Representative for Southeast Asia and the Pacific) Ms. Sarah Ellerman သည် ၂၀-၉-၂၀၂၄ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စား လှယ်တို့အကြား နှစ်စဉ်ဆွေးနွေးမှုသို့ တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးမှုကို လာအိုနိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Malaithong Kommasith နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်လက်ထောက်ကုန်သွယ် ရေးကိုယ်စားလှယ် Ms. Sarah Ellerman က အမေရိကန်-အာဆီယံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင်သဘောတူ စာချုပ် (U.S. – ASEAN Trade and Investment Framework Agreement, TIFA)အပါအဝင်  “ဆက်သွယ်မှုနှင့် ခံနိုင်စွမ်းရှိမှု တို့ကိုမြှင့်တင်ခြင်း” ဟူသော  ၂၀၂၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ၏ ဆောင်ပုဒ်ကို အကောင် အထည်ဖော်ရန် ပံ့ပိုးကူညီခြင်းတို့မှတစ်ဆင့် အမေရိကန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ တိုးတက်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Ms. Sarah Ellerman က ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်သည့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အလုပ်သမား၊ စိုက်ပျိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်း ကျင့်သုံးရေး (Good Regulatory Practice, GRP)၊ အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ (Micro, Small and Medium enterprise) ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် မူပိုင်ခွင့် စသည့်အကြောင်း အရာများကို TIFA အောက်တွင် ဆွေးနွေးခဲ့ပါကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံ၏ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် သာမက အာဆီယံဒေသတစ်ခုလုံးနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အခွင့်အလမ်းများကိုပါ ဆွေးနွေးခဲ့ပါကြောင်း၊ အမေရိကန်လက်ထောက်ကုန်သွယ်ရေး ကိုယ်စားလှယ်သည် ၂၁-၉-၂၀၂၄ ရက်တွင် အာဆီယံစီးပွားရေးဝန်ကြီးများ၊ အခြားဆွေးနွေးဖက် နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ ပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေး (East Asia Summit, EAS)၏ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ခံနိုင်စွမ်းရှိသည့် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၊ မျှတမှုရှိသည့်တိုးတက်မှုနှင့် ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်၏ အရေးပါမှုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ်ရုံး၏ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံနှင့် အာဆီယံ တို့၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၉၉.၅) ဘီလီယံရှိပြီး အာဆီယံ သည် အမေရိကန်နိုင်ငံ၏ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်းနှင့် အာဆီယံရှိ အမေရိကန် နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် အမေရိကန်ဒေါ်လာ (၄၇၆.၃) ဘီလီယံ ရှိကြောင်း သိရှိရပါသည်။ 

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: International News