International News

ရွေးကောက်ပွဲကျင်းပရန်အချိန်နီးကပ်လာသည့်နှင့်အမျှ အမေရိကန်နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများသည် ပထဝီနိုင်ငံရေးနှင့်ချိတ်ဆက်လျက်ရှိ

Last Updated:

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်လာပြီး ပထဝီနိုင်ငံရေးအခြေအနေ များ တင်းမာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ဓာတ်ဆီဈေးနှုန်းများသည် ကျဆင်းလျက်ရှိ ကြောင်း၊ အမေရိကန်နိုင်ငံ၏သမ္မတအဖြစ် မည်သူမဆိုရွေးကောက်တင်မြောက်ခံရလင့်ကစား ၂၀၂၅ ခုနှစ်တွင် ဓာတ်ဆီဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၌ ဓာတ်ဆီတစ်ဂါလံလျှင် ပျမ်းမျှ ဈေးနှုန်းမှာ (၃) ဒေါ်လာကျော်ရှိကြောင်း၊ ဓာတ်ဆီဈေးနှုန်းသည် လာမည့်ရွေးကောက်ပွဲတွင် အဓိက ကျသည့် အကြောင်းအရာတစ်ရပ်မဟုတ်သော်လည်း အကယ်၍ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခပို၍ ပြင်းထန်လာပါက ရုတ်တရက်ပြောင်းလဲသွားနိုင်ကြောင်း၊  အီရန်ကအစ္စရေးအပေါ် တိုက်ခိုက်မှုနောက်ပိုင်း အောက်တိုဘာလ ပထမရက်သတ္တပတ်အတွင်း ဓာတ်ဆီဈေးနှုန်းများသည် သိသာစွာ မြင့်တက်ခဲ့ပြီး အစ္စရေးဘက်မှ အီရန်၏ရေနံထုတ်လုပ်သည့် အခြေခံအဆောက်အအုံများအား တိုက်ခိုက်လာမည်ကို စိုးရိမ်ခဲ့ကြကြောင်း၊ ရေနံပြတ်လပ်မှုကို ရေနံထုတ်လုပ်သတင်ပို့သည့်နိုင်ငံများ အဖွဲ့(OPEC)၏ အရန်ရေနံများဖြင့် အစာထိုးနိုင်မည်ဖြစ်သော်လည်း ပဋိပက္ခပြင်းထန်မှုကြောင့် ရေနံသင်္ဘောများ ဖြတ်သန်းသွားလာမှုတွင် ကမ္ဘာ့အဆင့်(၅)ရှိသည့် Hormuz ရေလက်ကြားကို ပိတ်ထားပါက ရေနံဈေးနှုန်းသည် (၃)ဆခန့်မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။ 

အီရန်နိုင်ငံ၏ ရေနံနှင့်နျူးကလီးယားတည်ရှိရာနေရာများကို တိုက်ခိုက်ခြင်းမပြုရန် အမေရိကန်အရာရှိများက အစ္စရေးနှင့်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးအနေဖြင့် အီရန်နိုင်ငံ၏ ရေနံနှင့် နျူးကလီးယား တည်ရှိရာနေရာများမဟုတ်သည့် စစ်တပ်နေရာများကိုသာ ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ပြောဆိုခဲ့သဖြင့် ယခင်ရက်သတ္တပတ်အတွင်း ရေနံစိမ်းဈေးနှုန်းများ ကျဆင်းခဲ့ကြောင်းသိရှိရ ပါသည်။

အမေရိကန်နိုင်ငံ၏လောင်စာဆီဝယ်လိုအားသည် တိုးတက်လျက်ရှိသော်လည်း ကမ္ဘာ့လောင် စာဆီဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ လောင်စာဆီ ဝယ်လိုအားသည် လျော့ကျလာပြီး ရောင်းလိုအားတိုးလာခဲ့ကြောင်း၊ OPEC နိုင်ငံများအနေဖြင့် ဒီဇင်ဘာလတွင် ရေနံထုတ်လုပ်မှုလျော့ချမှုကို ပြန်လည်ပြင်ဆင်ရန်စီစဉ်ထားပြီး အမေရိကန်နိုင်ငံ ကလည်း ရေနံတိုးမြှင့်ထုတ်လုပ်လျက်ရှိပါကြောင်း၊ အမေရိကန်စွမ်းအင်အချက်အလက်များ စီမံအုပ်ချုပ်ရေးဌာန၏ လစဉ်ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၏လောင်စာဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ်တွင် တစ်ဂါလံလျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ (၃.၂၀) ရှိမည်ဟု ခန့်မှန်းထားပါကြောင်း သိရှိရ ပါသည်။

(ဇစ်မြစ်။  Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News