International News

Semiconductor-Grade Polysilicon ထုတ်လုပ်မှုတိုးချဲ့ရန် အမေရိကန်အစိုးရသည် Hemlock Semiconductor ကုမ္ပဏီနှင့် ပဏာမသဘောတူညီခဲ့

Last Updated:

အမေရိကန်အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Hemlock Semiconductor (HSC) ကုမ္ပဏီတို့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွင်အသုံးပြုနိုင်သည့်အဆင့်ရှိသော ပိုလီဆီလီကွန် ခေါ် Semiconductor-Grade Polysilicon ထုတ်လုပ်မှုတွင် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်လာစေရန် ရန်ပုံငွေအမေရိကန်ဒေါ်လာ (၃၂၅)သန်း ထောက်ပံမည့် ပဏာမ သဘောတူညီချက်ကို ၂၁-၁၀-၂၀၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပြု ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ HSC ကုမ္ပဏီ၏ မီချီဂန်ပြည်နယ်ရှိ စက်ရုံဝင်းအတွင်း စက်ရုံအသစ်တစ်ခု တည်ဆောက်သွားမည်ဖြစ်ရာ စက်ရုံတည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်း အလုပ်အကိုင် ပေါင်း (၁,၀၀၀) ကျော်နှင့် စက်ရုံ၏ကုန်ထုတ်လုပ်မှုလုပ်ငန်း၌ အလုပ်အကိုင်ပေါင်း (၁၈၀) ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ HSC သည် အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့ Semiconductor-Grade Polysilicon ထုတ်လုပ်သည့်လုပ်ငန်း (၅)ခု အနက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။  အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News