International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ဩဂုတ်လ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၅.၄၉ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့အထိ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၁၅.၄၉ ဘီလီယံ စံချိန်တင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်အချက်သိရှိရပါသည်။

အဆိုပါကာလအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄၄.၄၁ ဘီလီယံနီးပါး ရှိလာကာ တစ်နှစ်ထက်တစ်နှစ် ၁၆ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။

သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၂၈.၉၂ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ပို့ကုန်ဝင်ငွေမြင့်မားသော ထုတ်ကုန်များတွင် ကွန်ပျူတာများ၊ အီလက်ထရွန်နစ်ထုတ်ကုန် များနှင့် အစိတ်အပိုင်းများ ပါဝင်ပြီး အမေရိကန်ဒေါ်လာ ၉.၅၅ ဘီလီယံရရှိခဲ့ကြောင်း၊ စက်ယန္တရား နှင့် စက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၂၇ ဘီလီယံရရှိပြီး ၂၁.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၄၈ ဘီလီယံ၊ သစ်နှင့် သစ်အချောထည်ပစ္စည်းများမှ အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်းဖော်ပြထားပါသည်။

ဩဂုတ်လ ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၉၃၃ သန်းရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆.၉၃ ဘီလီယံနှင့် သွင်းကုန် တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News