International News

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၄ ခုနှစ် ၇ လအတွင်း အလုပ်အကိုင်ပေါင်း ၁၄၅,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်

Last Updated:

ဟနွိုင်းမြို့သည် ယခုနှစ် ပထမခုနစ်လအတွင်း အလုပ်သမား ၁၄၅,၈၁၃ ဦးအတွက် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ နှစ်စဉ်အစီအစဥ်၏ ၈၈.၃ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးခဲ့ကြောင်း Hanoi အလုပ်အကိုင်ဝန်ဆောင်မှုစင်တာ၏ အဆိုအရ သိရှိရသည်။ ဇူလိုင်လ တစ်လတည်းတွင် အလုပ်သမား ၂၁,၀၀၀ နီးပါး အလုပ်အကိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုင်ဝမ် (တရုတ်)၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်အပါအဝင် စျေးကွက်အများအပြားတွင် ယာယီအလုပ်လုပ်ကိုင်ရန် အလုပ်သမား ၄၅၀၀ ကျော် စေလွှတ်ခဲ့ကြောင်း၊ ဇူလိုင်လတွင် ဝန်ထမ်း ခေါ်ယူမှုလိုအပ်ချက်မှာ ၅၈,၅၈၅ ခန့်ရှိခဲ့ပြီး လက်လီဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးနယ်ပယ်တို့တွင်လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

Hanoi အလုပ်အကိုင်ဝန်ဆောင်မှုစင်တာမှ လက်ထောက်ညွှန်ကြားရေးမှူး Mr. Vu Quang Thanh က ဝန်ထမ်းခေါ်ယူမှုသည် စီးပွားရေးပြန်လည်ကောင်းမွန်လာပြီးနောက် ဆက်လက် တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အရောင်း၊ ပြုပြင်ထုတ်လုပ်ရေးနှင့် ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် ဝန်ထမ်းခေါ်ယူမှုပိုမို မြင့်မားလာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News