International News

ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း အလုပ်သမား ၇၀,၀၀၀ မှ ၈၀,၀၀၀ လိုအပ်မည်

Last Updated:

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘင်ဒေါင်းပြည်နယ်တွင်  ၂၀၂၅ ခုနှစ်တွင် အလုပ်သမား ၇၀,၀၀၀ မှ ၈၀,၀၀၀ ဦး လိုအပ်မည်ဟု မျှော်လင့်ရကြောင်း၊ အလုပ်သမားအရေအတွက် အဓိက လိုအပ်ချက်မှာ ကုန်ထုတ်လုပ်မှု၊ စာရင်းကိုင်၊ ပြုပြင်ထိန်းသိမ်းမှုနှင့် စက်လည်ပတ်မှု စသည့် ကဏ္ဍ များတွင် လိုအပ်လျက်ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ အစီရင်ခံစာအရ သိရှိရပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း ကျရောက်မည့် အရှေ့တိုင်းနှစ်သစ်ကူးအားလပ်ရက်အပြီးတွင် အလုပ်သမားလိုအပ်ချက်သည် မြင့်တက်လာဖွယ် ရှိပြီး ကျွမ်းကျင်လုပ်သားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

ခရိုင်အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဦးစီးဌာနသည် လုံလောက်သော လုပ်သားထောက်ပံ့မှုရရှိစေရန် အလုပ်အကိုင် အကြံဉာဏ်ပေးခြင်းနှင့် နေရာချထားပေးခြင်းတို့ကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားဒေသများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တောင်ပိုင်းဒေသ၏ အလုပ်သမားဈေးကွက်အတွင်း ချိတ်ဆက်မှုအားကောင်းစေရန် ပြည်နယ်အလုပ်အကိုင် ဝန်ဆောင်မှုစင်တာအနေဖြင့် ကွန်ပျူတာနည်းပညာ အသုံးချမှု များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် ပြည်နယ်တွင်း အလုပ်လက်မဲ့ အကျိုးခံစားခွင့် လျှောက်ထားသည့် အလုပ်သမားဦးရေသည် ၈၃,၀၀၀ ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၆၇ ရာခိုင်နှုန်းကျဆင်းသွား ကြောင်း၊ ၎င်းတို့အနက် တစ်ဦးချင်းအကျိုးခံစားခွင့် ၇၈,၄၇၀ ရရှိခဲ့ပြီး ဗီယက်နမ်ဒေါင် ၂ ဘီလီယံ နီးပါး (အမေရိကန်ဒေါ်လာ ၇၈.၅ သန်း) ရှိကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် ပံ့ပိုးပေးသည့် လုပ်သား ဦးရေမှာ သိသိသာသာတိုးလာပြီး ၅,၂၈၅ ဦးအထိ ရှိလာကာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၅.၉၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

လုပ်သားဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများကို ပြသလျက်ရှိကြောင်း၊ အထည်အလိပ်၊ သစ်သားနှင့် ဖိနပ်စသည့် လုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်အတွင်း အမှာစာများကျဆင်းခဲ့ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်တွင် စာချုပ်အသစ်များ အောင်အောင်မြင်မြင်ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်အတွက် ထုတ်လုပ်မှုမြှင့်တင်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စီးပွားရေးလုပ်ငန်းအရေအတွက် ၁၅၁ ရာခိုင်နှုန်း တိုးတက်လာပြီး အလုပ်သမားလိုအပ်ချက်တိုးမြင့်ကာ ၈၀,၀၀၀ နီးပါးလိုအပ်ပြီး တစ်နှစ်ထက် တစ်နှစ် ၇၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့

Category: International News