International News

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အထည်ချုပ်တင်ပို့သူဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ အထည်ချုပ်နှင့် အထည်အလိပ်များတင်ပို့မှုသည် ယခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါးအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး အိန္ဒိယပြီးလျှင် ဒုတိယ အကြီးဆုံး တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း ဗီယက်နမ်အမျိုးသားအထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းအုပ်စု (Vinatex) မှ အထွေထွေ ညွှန်ကြားရေးမှူးဖြစ်သူ Cao Huu Hieu က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

Vinatex ၏ လုပ်ငန်းနှစ်ပတ်လည်ဆောင်ရွက်မှုများနှင့် ၂၀၂၅ ခုနှစ်အတွက် အစီအစဉ် များကို ပြန်လည်သုံးသပ်ရန် ဒီဇင်ဘာ ၂၅ ရက်နေ့က ဟနွိုင်းတွင် ပြုလုပ်သည့်အစည်းအဝေးတွင် Vinatex သည် လာမည့်နှစ်တွင် သဘာဝပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေး ဆိုင်ရာကဏ္ဍများတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Hieu ကပြောကြားခဲ့ပါသည်။ Vinatex သည် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဖြင့် စီမံ ခန့်ခွဲမှုကို ခေတ်မီစေရန်နှင့် အလိုအလျောက်စနစ်နည်းပညာနှင့်   ဉာဏ်ရည်တု ပေါင်းစပ်မှုတို့ကို အသုံးပြုခြင်းဖြင့် အလုပ်သမားများအပေါ် မှီခိုအားထားမှုကို လျှော့ချပေးမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

Vinatex ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Hoang Manh Cam က US နှင့် EU ကဲ့သို့ အဓိက သွင်းကုန်ဈေးကွက်များမှ ထွက်ပေါ်လာသည့် အပြုသဘောဆောင်သော တိုးတက်မှုအချက်ပြမှု များကို အလေးပေးပြောကြားခဲ့ပြီး အဆိုပါဒေသများတွင် စီးပွားရေးပြန်လည်ဦးမော့လာမှုနှင့် စားသုံးသူအသုံးစရိတ်များ တိုးမြင့်လာမှုသည် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းအတွက် အလားအလာကောင်းသော အလားအလာကို ဖန်တီးပေးနေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှ အမှာစာများ ပြောင်းရွေ့လက်ခံရရှိမှုသည် ဗီယက်နမ် အထည်အလိပ် လုပ်ငန်းမျာအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် သိသာထင်ရှားစေသော အခွင့်အလမ်းများ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ အထည်အလိပ်လုပ်ငန်းများတွင် အနည်းငယ်မျှသာ တိုးတက်မှုများရှိသော်လည်း ဒုတိယနှစ်ဝက်တွင် ပြိုင်ဖက်နိုင်ငံများတွင် မမျှော်လင့်ထားသော နိုင်ငံရေး အုံကြွမှုများကြောင့် အမှာစာများ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ Vinatex နှင့် စက်မှု လုပ်ငန်းတစ်ခုလုံးသည် စိန်ခေါ်မှုများကြားမှ ဆုံးရှုံးမှုမရှိပဲ တိုးတက်မှုလမ်းကြောင်းကို ထိန်းသိမ်း ထားကြောင်း၊ အဖွဲ့၏ စုစုပေါင်းဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁၈.၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၇၂၄ သန်း)ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂.၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ စုစုပေါင်း အမြတ်ငွေသည် ဗီယက်နမ်ဒေါင် ၇၄၀ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဝန်ထမ်း များ၏ လစဉ်ပျမ်းမျှ ဝင်ငွေသည် ၈.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၀.၃ သန်းအထိ ရောက်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။

Vinatex သည် UK’s COATS Group နှင့် ပူးပေါင်း၍ မီးခံနိုင်ရည်ရှိသော အထည်များနှင့် အဝတ်အစားများကဲ့သို့သော နည်းပညာမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ခြင်း စသည့် Vinatex ၏ အောင်မြင်မှုများကို Hieu က အလေးပေးဖော်ပြခဲ့သည်။ Vinatex သည် လုပ်ငန်းအရင်းအမြစ် စီမံခြင်း (ERP) စနစ်ကို လက်ခံကျင့်သုံးခြင်းနှင့်အတူ ချည်မျှင်အမာခံချည်များနှင့် ရောစပ်ထားသောချည်မျှင်သစ်များ တီထွင်ဖန်တီးရန် အာရုံစိုက်လျက် ရှိကြောင်းလည်း ဖော်ပြထားပါသည်။

Vinatex သည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ESG အလေ့အကျင့်ဆိုင်ရာ ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးခဲ့ပါကြောင်း၊ Hung Yen ပြည်နယ်ရှိ Pho Noi အထည်အလိပ် နှင့် အထည်ချုပ်စက်မှုဇုန်တွင် လက်ရှိစက်ရုံအား ၁၀,၀၀၀ cu.m ဖြင့် နေ့ရောညပါ ရေ ၈၀၀၀ ကုဗမီတာ ထုတ်ယူနိုင်သော ရေဆိုးသန့်စင်စက်ရုံအသစ်တည်ဆောက်ရေးကို အာရုံစိုက်လျက် ရှိကြောင်း၊ မြောက်ပိုင်းဒေသတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အထည်အလိပ် စက်မှုဇုန် စံပြတည်ဆောက်ရန်ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News