International News

ဇန်နဝါရီမှစက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအမြတ်ငွေ ယွမ် ၅ ထရီလီယံကျော် ရရှိခဲ့

Last Updated:

တရုတ်နိုင်ငံရှိ အဓိကစက်မှုလုပ်ငန်းကြီးများ၏ စုစုပေါင်းအမြတ်ငွေသည် ဇန်နဝါရီမှ စက်တင် ဘာလအတွင်း ယွမ် ၅.၂၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၅.၄၁ ဘီလီယံ) ရှိခဲ့ ကြောင်း၊ ယခင်နှစ် ကာလတူထက် ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်း ဗျူရို (NBS) ၏ ပြောကြားချက် အရသိရှိရပါသည်။

တစ်ချိန်တည်းတွင် နည်းပညာမြင့် စက်မှုလုပ်ငန်းများမှာ အရှိန်အဟုန်သစ်ဖြင့် လျင်မြန် စွာ တိုးတက်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများ၏ အမြတ်ကျဆင်းစေသည့် အကြောင်းအရင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး ဩဂုတ်လမှစတင်၍ ယခင်နှစ်နှင့်နှိုင်းယှဉ်မှုအခြေခံတွင် သိသာစွာကွာခြားခြင်း၊ ထိရောက်သော ဝယ်လိုအားမရှိခြင်းနှင့် စက်မှုထုတ်ကုန်ဈေးနှုန်းများ ကျဆင်းခြင်းစသည့် အကြောင်းရင်းများစွာ ပါဝင်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ စာရင်းအင်းပညာရှင် Yu Weining ကပြောကြားထားကြောင်း သိရှိရပါသည်။

စက်တင်ဘာလတစ်လတည်းတွင် ယခင်နှစ်ကာလတူထက် အမြတ်ငွေ ၂၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် NBS ၏ အဆိုအရ အဓိကစက်မှုလုပ်ငန်းကြီးများ၏ စုစုပေါင်း အမြတ်ငွေမှာ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယွမ် ၅၇၅.၄၃ ဘီလီယံ တိုးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှု လျင်မြန်စွာတိုးတက်ခဲ့ခြင်းကြောင့် ပထမ ကိုးလအတွင်း နည်းပညာမြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် ကာလတူထက် ၆.၃ ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း၊ အဆိုပါ တိုးတက်မှုနှုန်းသည် အဓိကစက်မှုလုပ်ငန်းကြီးများ၏ ပျမ်းမျှအဆင့်ထက် ၉.၈ ရာခိုင်နှုန်း ပိုများကြောင်း၊ စုစုပေါင်းအမြတ်တွင် စက်မှုလုပ်ငန်းများ၏ အမြတ်ရရှိမှု ၁.၁ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရပါသည်။

ပြည်တွင်းဝယ်လိုအားမြှင့်တင်ရန်၊ စားသုံးမှုမြှင့်တင်ရန်နှင့် နိုင်ငံတကာ ဈေးကွက် ဝယ်လိုအား တည်ငြိမ်စေရေးကြိုးပမ်းမှုများနှင့်အတူ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် စက်မှုလုပ်ငန်း၏ အမြတ်ငွေသည် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ကာလတူထက် ၂.၄ ရာခိုင်နှုန်း တိုးလာကာ စက်မှုလုပ်ငန်းအားလုံးအမြတ်ရရှိမှုတွင် ၀.၅ ရာခိုင်နှုန်းပါဝင် ကြောင်း၊  တရုတ်နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်း အမြတ်တိုးတက်မှုနှုန်းကျဆင်းသွားသော်လည်း စက်မှု လုပ်ငန်းသစ်များ၏ ခံနိုင်ရည်ရှိမှုကို ထင်ရှားစွာ ပြသလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများ၏ မျှော်မှန်းချက်နှင့် ယုံကြည်မှုတိုးလာခြင်းကြောင့်  အမြတ်အစွန်းများ ပြန်လည်ရရှိရန် မျှော်မှန်း ထားကြောင်း စာရင်းအင်းပညာရှင် Yu Weining က ဆက်လက် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: http://en.people.cn/n3/2024/1028/c90000-20234327.html

စီးပွားရေးသံမှူး ၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   

Category: International News