International News

တရုတ်နိုင်ငံပါဝင်သည့် BRICS နိုင်ငံများအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး ဖလှယ်မှုများမှတစ်ဆင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်လျက်ရှိ

Last Updated:

BRICS နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများသည် ပို၍ ရင်းရင်းနှီးနှီးရှိလာ သည်နှင့်အမျှ တရုတ်နိုင်ငံသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော BRICS ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင် ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

BRIC ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ထွန်းသစ်စဈေးကွက်စီးပွားရေးများကို ပူပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၀၁ ခုနှစ်တွင် စတင်ဖော်ဆောင်လာခဲ့ကြသည်။ ၂၀၁၀ ခုနှစ်တွင် တောင် အာဖရိက၏ ပါဝင်လာမှုနှင့်အတူ BRICS သည် တရားဝင်အသွင်သဏ္ဌာန်အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ယင်းသို့ တိုးချဲ့ဖွဲ့စည်းပြီးနောက် BRICS အဖွဲ့သည် ယခုအခါ ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်နီးပါး ရှိသည်နှင့် အညီ ကမ္ဘာ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံကို ကိုယ်စားပြုနေသည်။ ထွန်းသစ်စ စီးပွားရေးဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုအတွက် ကမ္ဘာ့အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခုဖြစ်လာသည်။

ရုရှားနိုင်ငံ Kazan မြို့တွင် ယခုသတင်းပတ် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ကျင်းပပြုလုပ်သည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် BRICS နိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ အခွင့်အလမ်းသစ်များ ဆောင်ကျဉ်းပေးမည်ကြောင်း ယုံကြည်ခဲ့ကြ သည်။

BRICS အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း ယွမ်ငွေ ၄ ဒသမ ၆၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၄၈ ဘီလီယံ) သို့ ရောက်ရှိခဲ့ကြောင်း တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်အကောက်ခွန်ဆိုင်ရာ အချက်အလက် များက ဖော်ပြခဲ့သည်။

နှစ်ဘက် ကုန်သွယ်မှု တိုးတက်လာခြင်းသည် မြင့်မားသော စီးပွားရေးပြောင်းလဲမှုနှင့် တရုတ်နိုင်ငံ ၏ အဆင့်မြင့်မားသော ဖွင့်လှစ်မှုနှင့် အခြား BRICS နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်များ၏ ကတိကဝတ်များကြောင့် ဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ကုန်သွယ်မှု အကယ်ဒမီ မှ သုတေသီ Hong Yong က ပြောကြားခဲ့သည်။

စက်မှုကဏ္ဍ၌ တရုတ်နိုင်ငံ၏ သံမဏိနှင့် အထည်လိပ် ကုန်ကြမ်းများကို အခြား BRICS နိုင်ငံများ သို့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပေါင်းစပ်ဆားကစ်များ (integrated circuits) ၊ Tablet display modules များနှင့် လေယာဉ်အစိတ်အပိုင်းများ (Aircraft parts) ကဲ့သို့သော အလယ်လတ်ကုန်ပစ္စည်းများ BRICS နိုင်ငံများသို့ တင်ပို့မှုသည် ဂဏန်းနှစ်လုံးအထိ တိုးလာခဲ့သည်။ အခြား BRICS အဖွဲ့ဝင်များသည် ၎င်းတို့၏ ထွန်းသစ်စစက်မှုလုပ်ငန်းများကို မြှင့်တင်ရန် ကူညီပေးခဲ့သည်။

စိုက်ပျိုးရေးထွက်ကုန်များ၏ ကုန်သွယ်မှုသည် ပိုမိုအားကောင်းလာသည်။ ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ကြက်နှင့် အေးခဲငါး (poultry and frozen pollack) ၈၀ ရာခိုင်နှုန်းကျော်နှင့် ကဏန်း ၅၀ ရာခိုင်နှုန်း ကျော်ကို BRICS အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းခဲ့သည်။

BRICS နိုင်ငံများအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နည်းပညာဖလှယ်မှုနှင့် ဆန်းသစ် တီထွင်မှုများကို မြှင့်တင်ပေးရုံသာမက အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက်ပါ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

ဘဏ္ဍာရေးကဏ္ဍနှင့် ပတ်သက်၍ New Development Bank သည် BRICS ပူးပေါင်းဆောင်ရွက်မှု ၏ အကြီးမားဆုံးသော ပရောဂျက်တစ်ခုဖြစ်သည်။ ထွန်းသစ်စနိုင်ငံများ၏ ပထမဆုံးသော ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဘဏ်အဖြစ် ရှန်ဟိုင်းဌာနချုပ်ရုံး အဖွဲ့အစည်းအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေး၊ သန့်ရှင်းသောစွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် BRICS နိုင်ငံတစ်ဝှမ်း ဆိုက်ဘာ အခြေခံအဆောက်အအုံ (cyber infrastructure) တည်ဆောက်ရေး တို့အတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေး လျက်ရှိသည်။

အိန္ဒိယနိုင်ငံ၏ မြို့ပြရထားလမ်းများမှစ၍ ဘရာဇီးနိုင်ငံ၏ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များအထိ ထောက်ပံ့ပေးလျက်ရှိရာ ပရောဂျက်ပေါင်း ၁၀၀ ကျော်အတွက် ချေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံကို ခွင့်ပြုပေးထားခဲ့သည်။

နိုင်ငံပေါင်စုံ မူဝါဒနှင့် ကတိကဝတ်ပြုမှုအပေါ် အခြေခံ၍ BRICS သည် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာများကို ဖွင့်လှစ်ပေးခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်သစ်များ ဖော် ဆောင်ပေးနိုင်မည့် လက်တွေ့ကျသော ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းဆောင်ရွက် ချက်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်နိုင်မည့် မူဝါဒ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးတွဲလုပ်ဆောင်မှုများ ပါဝင်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မော်စကိုမြို့၌ ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် BRICS စီးပွားရေးနှင့် နိုင်ငံခြားကုန်သွယ်မှု ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သူများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုး မြှင့် ကွင်းဆက်များ (global value chains)၊ ဒစ်ဂျစ်တယ်နည်းပညာများ (digital technologies) နှင့် အထူးစီးပွားရေးဇုန်များ (special economic zones)၊ အစိမ်းရောင် ထုတ်ကုန်စံနှုန်းများအတွက် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း၊ အီလက်ထရောနစ် စာရွက်စာတမ်း (electronic documentation) များနှင့် e-commerce၊ အားကောင်းသော မူဝါဒဖလှယ်မှုများ (strengthen policy exchanges)၊ စွမ်းရည်မြှင့်တင်ခြင်း (capacity building) နှင့် အကောင်းဆုံး အလေ့အကျင့်များ မျှဝေခြင်း (best practice sharing) ကဲ့သို့သော ထွန်းသစ်စနယ်ပယ်များတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို တိုးမြှင့်ခြင်းဖြင့် BRICS နိုင်ငံများသည် ကုန်သွယ်မှု ကာကွယ်ရေးဝါဒ (trade protectionism) ကို ဆန့်ကျင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် အရေးကြီးသော တွန်းအားအဖြစ် ယင်းနိုင်ငံများ၏ အဓိကအားသာချက်များကို အသုံးပြုခဲ့ ကြကြောင်း တရုတ် Renmin တက္ကသိုလ်၊ Chongyang Institute for Financial Studies မှ သုတေသီ Liu Ying က မှတ်ချက်ပြုခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1024/c90000-20233740.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News