International News

စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၌ စားသုံးသူဈေးဆနှုန်း ၂.၂ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလအတွင်း စားသုံးသူဈေးဆနှုန်း များ ၂.၂ ရာခိုင်နှုန်းတိုးတက်မှုခဲ့သောကြောင့် ၂.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့် ဩဂုတ်လနှင့်နှိုင်း ယှဉ်လျှင် ဈေးနှုန်းမြင့်တက်မှု နှေးကွေးကြောင်း hong kong business သတင်းဌာနမှ “Consumer prices rise 2.2% YoY in September, slowing from August” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

အစိုးရ၏ ထောက်ပံ့ရေးဆောင်ရွက်ချက်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ငွေကြေး ဖောင်းပွမှု တိုးတက်မှုအနေဖြင့် ၀.၉ ရာခိုင်နှုန်းရှိပြီး ၁.၂ ရာခိုင်နှုန်းရှိခဲ့သည့် ဩဂုတ်လ ငွေကြေးဖောင်းပွမှုနှုန်းထားထက် ကျဆင်းခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။

ဈေးဆနှုန်းမြင့်တက်သည့် ကုန်စည်အမျိုးအစားများမှာ အရက်နှင့် ဆေးလိပ်၊ လျှပ်စစ် ဓာတ်အား၊ ဓာတ်ငွေ့နှင့်ရေ၊ အိမ်ရာအဆောက်အဦ၊ အခြားဝန်ဆောင်မှုအမျိုးမျိုး၊ ဆိုင်တွင် ရောင်းချသည့် အစားအစာများ၊ အခြားကုန်စည်အမျိုးမျိုးနှင့် သယ်ယူပို့ဆောင်ရေးတို့ဖြစ် ကြောင်း နှင့် ယခင်နှစ်ကထက် ဈေးဆနှုန်းကျဆင်းသည့် ကုန်စည်များမှာ အဝတ်အထည် နှင့်ဖိနပ်၊ အခြေခံစားသောက် ကုန်နှင့် တာရှည်ခံကုန်စည်များဖြစ်ကြောင်း  ဟောင်ကောင်ဒေသ အစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထား ပါသည်။ 

ရှေ့ဆက်၍ ငွေကြေးဖောင်းပွမှုအခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိနိုင်သော်လည်း ဒေသ၏ စီးပွားရေးတိုးတက်မှုကြောင့် ပြည်တွင်းသုံးစွဲမှုကုန်ကျစရိတ် အတန်အသင့်မြင့်တက်နိုင်သည့် အခြေအနေရှိလာနိုင်ကြောင်း ဟောင်ကောင်ဒေသအစိုးရ မျှော်မှန်းထားသည်ဟု စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News