၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Houngsub က ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏကို မြှင့်တင်ရန် ရည်ရွယ်၍ မူဝါဒများနှင့် လမ်းညွှန်ချက်များကို မြှင့်တင်သွားရန် ဝန်ကြီးဌာနများကို လမ်းညွှန်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အစီရင်ခံစာ အရ ယခုနှစ် ပထမ ၅ လအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လျှောက်ထားမှုများသည် အဆက်မပြတ် မြင့်တက်လာပါကြောင်း၊ စီမံကိန်း ၂,၁၉၅ ခုရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၇၂၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အများဆုံး နယ်ပယ်များမှာ အီလက်ထရောနစ် ပစ္စည်းများ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်းများ၊ ရေနံဓာတုနှင့် ဓာတုပစ္စည်းများ ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် စီမံကိန်း ၁,၄၄၉ ခု ရှိပြီး ဘတ် ၅၄၀ ဘီလီယံ ဖြစ်ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအများဆုံး နိုင်ငံများမှာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် နှင့် ဂျပန်တို့ဖြစ်ကြောင်း Mr. Jirayu က ဆက်လက်ပြောကြားခဲ့သည်။
EEC တွင် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၄၀၈ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး အလယ်ပိုင်း၊ မြောက် ပိုင်း၊ တောင်ပိုင်း၊ အနောက်မြောက်နှင့် အနောက်တို့ အသီးသီးဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များကို ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ပေးရန် ရည်ရွယ်သည့် Smart and Sustain-able Industry Promotion စီမံကိန်းနှင့် ဆက်စပ်သည့် စီမံကိန်း ၂၈၇ ခု လျှောက် ထားလာပါကြောင်း၊ စီမံကိန်း ၂,၀၇၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လက်မှတ်များ ထုတ်ပေးခဲ့ပြီး ကုမ္ပဏီအများစုသည် လက်မှတ်ရရှိပြီးနောက် ၁ နှစ်မှ ၃ နှစ်အတွင်းတွင် ရင်းနှီးမြှုပ်နှံမှု စတင်ကြကြောင်း Mr. Jirayu က မှတ်ချက်ပြုပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။