ထိုင်းနှင့် ဂျာမနီနိုင်ငံတို့အကြား နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်တို့နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan နှင့် ဂျာမနီနိုင်ငံ Baden-Wurttemberg ၏ စီးပွားရေး၊ အလုပ်သမားနှင့် ခရီးသွားဝန်ကြီး H.E Mr. Nicole Hoffmeoster-Kraut တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံလုံးက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားရန် သဘောတူညီခဲ့ပြီး အထူးသဖြင့် နည်းပညာမြင့် စက်မှုများတွင် ဖြစ်ကြောင်း၊ ဂျာမနီသည် ဒီဂျစ်တယ်တီထွင်မှုနှင့် ဉာဏ်ရည်တုတို့တွင် ကျွမ်းကျင်ပြီး ထိုင်းနိုင်ငံကို ထုတ်လုပ်မှုအခြေစိုက်အဖြစ် စိတ်ဝင်စားလျက်ရှိပါကြောင်း၊ Baden-Wurttemberg ၏ GDP နှင့် လူဦး ရေ အရွယ်အစားသည် ဂျာမနီ၏ ပြည်နယ် ၁၆ ခုတွင် တတိယအကြီးဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုသည် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းရှိပါကြောင်း၊ Baden-Wurttemberg ၏ အဓိက ပို့ကုန်များမှာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ အလိုအလျောက်အချက်အလက် ထုတ်ပေးသည့် ယန္တရားများနှင့် အီလက်ထရောနစ်ပစ္စည်းများ ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် သန့်ရှင်းသောစွမ်းအင်၊ အစိမ်းရောင်အသွင်ကူးပြောင်းခြင်း၊ လျှပ်စစ်မော်တော်ကားနှင့် ဘတ္တရီစက်ရုံများ၊ အချက် အလက်စင်တာများ၊ လျှပ်စစ်ဆားကစ်စ်ပြားများနှင့် အစားအစာနှင့် ခရီးသွားလုပ်ငန်းရှိ Soft Power တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
Baden-Wurttemberg သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော Daimler Mercedes Bens၊ Robert Bosch၊ Festo၊ SAP SE နှင့် Carl Zeiss စသည့် နည်းပညာမြင့် ကုမ္ပဏီများ၏ အခြေစိုက်ဖြစ်ပါကြောင်း၊ ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အပြီးသတ်နိုင်ရေး တွန်းအားပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဂျာမနီသည် ဥရောပ၌ ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီ ယံ ရှိခဲ့ပါကြောင်း၊ အဓိက ပို့ကုန်များမှာ လျှပ်စစ်ဆားကစ်စ်ပြားများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ ကွန်ပျူတာပစ္စည်းများ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများနှင့် ယန္တရားများဖြစ်ပြီး သွင်းကုန်များမှာ ယန္တရားများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။