International News

ယူအေအီးနိုင်ငံ ဗီဇာလွတ်ငြိမ်းချမ်းသာခွင့်မှ သက်တမ်းကျော်လွန် နေထိုင်သူများ နေရပ်ပြန်ရန်အတွက် လျှော့ချပေးထားသော လေယာဉ်လက်မှတ်ခများ

Last Updated:

ယူအေအီးနိုင်ငံ၊ အထောက်အထား၊ နိုင်ငံသား၊ အကောက်ခွန်နှင့် ဆိပ်ကမ်းလုံခြုံရေး ပြည် ထောင်စုအာဏာပိုင်အဖွဲ့ (ICP) သည် တရားမဝင်သက်တမ်း ကျော်လွန်နေထိုင်ကြသည့် နိုင်ငံမှထွက်ခွာလိုသော တရားမဝင်နေထိုင်သူများအတွက် နှစ်လသက်တမ်းရှိ ဗီဇာလွတ်ငြိမ်း ချမ်းသာခွင့်အစီအစဉ်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် Emirates၊ Etihad နှင့် Air Arabia လေကြောင်းလိုင်းများအပါအဝင် အဓိက လေကြောင်းလိုင်းများနှင့်ပူးပေါင်း၍ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို ချိုးဖောက်သူများအတွက် ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို သက်သာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒူဘိုင်းရှိ နေထိုင်ရေးနှင့်နိုင်ငံခြားရေး ညွှန်ကြားမှုဦးစီးဌာန (GDRFA) ၏ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ ဗိုလ်ချုပ် Obaid Muhair bin Suroor က အဆိုပါအစီအစဉ်ကို လာမည့် စက်တင်ဘာလ၊ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ၎င်းလွတ်ငြိမ်းချမ်းသာခွင့်အရ ယူအေအီးနိုင်ငံမှထွက်ခွာလိုသည့် ငွေကြေးအခက်အခဲများနှင့်ရင်ဆိုင်နေရသည့်နေထိုင်သူများအား လျှော့စျေးဖြင့်လေယာဉ်လက်မှတ် များ ရရှိနိုင်မည်ဖြစ်ကြောင်းကို အလေးပေးပြောကြားခဲ့ပါသည်။ .

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်တွင်  သက်တမ်းကုန်ဆုံးသွားသော နိုင်ငံတကာခရီးသွားများနှင့် နေ ထိုင်ခွင့်ဗီဇာသက်တမ်း ကျော်လွန်သွားသူများအပါအဝင် ကျယ်ပြန့်သော ဗီဇာချိုးဖောက်မှုများတို့ အကျုံးဝင်ပါရှိပါသည်။ ၎င်းတွင် စာရွက်စာတမ်းမရဘဲမွေးဖွားလာသူများနှင့် ၎င်းတို့၏ ထောက်ပံ့သူများမှ လွတ်မြောက်သွားသူများကိုလည်း အကျုံးဝင်သော်လည်း ယူအေအီးနိုင်ငံတွင်းသို့တရားမ၀င် ဝင်ရောက်လာသူများအနေဖြင့် အဆိုပါအစီအစဉ်အတွက် သတ်မှတ်အရည် အချင်း မပြည့်မီကြောင်း ဖော်ပြထားပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ရွေးချယ်ကြသူများသည် သက်တမ်းကျော်လွန်ဒဏ်ငွေများ၊ ပြည်ထွက်ခွင့် အခကြေးငွေများ သို့မဟုတ်  ပြည်ဝင်ခွင့်ပိတ်ပင်မှုများကိုတွေ့ကြုံရမည်မဟုတ်ဘဲ ၎င်းတို့အားအနာဂတ်တွင်သင့်လျော်သောဗီဇာဖြင့် ယူအေအီးနိုင်ငံသို့ပြန်လည်ဝင်ရောက်ခွင့် ပေးသွားမည်ဖြစ်ပါ သည်။ ICP မှ လေကြောင်းလိုင်းများနှင့် ညှိနှိုင်းပြီး လေယာဉ်လက်မှတ်ဈေးနှုန်းများ ကိုလျှော့ချပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်လျှက်ရှိကာ အစီအစဉ်တွင်ပါဝင်သည့်လေကြောင်းလိုင်းများမှ ပါဝင်မှုများအနေဖြင့် အပြုသဘောဆောင်သည့် လက်ခံမှုများကိုရရှိထားပါသည်။

ပြည်ထွက်ခွင့်ပြုချက်ကိုရရှိရန် ဇီဝဗေဒလုံခြုံရေးဆိုင်ရာမှတ်တမ်းများရှိသည့် လူတစ်ဦးချင်းစီသည် အွန်လိုင်းဖြင့်လျှောက်ထားနိုင်မည်ဖြစ်ပြီး မရှိသူများအနေဖြင့် လက်ဗွေနှိပ်ခြင်းအတွက် သတ်မှတ် ထားသောစင်တာများသို့ သွားရောက်ရမည်ဖြစ်ကာ အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျား Sharjah နှင့် အခြား သောယူအေအီးနိုင်ငံတစ်ဝှမ်းရှိ ICP စင်တာများတွင်  အဆိုပါလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စေရန် ပြင်ဆင်ထားရှိပါသည်။

ဤအစီအစဉ်အရ ထုတ်ပေးမည့် ပြည်ထွက်ခွင့်လက်မှတ်သည် သက်တမ်း ၁၄ ရက်ရှိမည် ဖြစ်ပါ သည်။ နေထိုင်သူများသည် ယခင်ဒဏ်ကြေးများနှင့် ကန့်သတ်ချက်များကို ပြန်လည်ပြင်ဆင်ခြင်းမှ ရှောင်ရှားနိုင်ရန် ဤလွတ်ငြိမ်းချမ်းသာခွင့်ပြုကာလအတွင်း နိုင်ငံတွင်းမှ ထွက်ခွာရမည်ဖြစ်ပါသည်။ ICP မှ ဤလွတ်ငြိမ်းချမ်းသာခွင့်၏ အခွင့်အရေးကိုရယူနိုင်ရန်အတွက် သတ်မှန်အရည်အချင်း နှင့် ပြည့်မီသောနေထိုင်သူအားလုံးတို့၏ အဆင့်အတန်းကိုပုံမှန်သတ်မှတ်နိုင်ရန်နှင့် ရေရှည်ပြစ်ဒဏ် များမခံယူရဘဲယူအေအီးနိုင်ငံမှထွက်ခွာကြနိုင်ရန်အတွက် တိုက်တွန်းနှိုး ဆော်ထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

 

Source:                            Khaleej Times

Date:                               30.8.2024

Nanda Soe Myint             Economic Counsellor (Dubai)

 

Category: International News